DVB Logo
Home
မြန်မာသတင်း
ရန်ကုန် ၁၀ မြို့နယ်မှ လွှတ်တော်အမတ်များ၏ COVID-19  ဆေးစစ်ချက်အဖြေ Negative ထွက်
DVB
·
May 13, 2020
ရန်ကုန် ၁၀ မြို့နယ်မှ လွှတ်တော်အမတ်များ၏ COVID-19  ဆေးစစ်ချက်အဖြေ Negative ထွက်
Donate to DVB

အသွားအလာကန့်သတ်ထားတဲ့ ရန်ကုန်တိုင်း မြို့နယ် ၁၀ မြို့နယ်က လွှတ်တော်အမတ်တွေရဲ့ ဆေးစစ်ချက်မှာ COVID-19 ပိုးမတွေ့ရှိရဘဲ Negative အဖြေထွက်ရှိတယ်လို့ ဆေးစစ်မှု ခံယူခဲ့ရတဲ့ လွှတ်တော်အမတ်တွေက ပြောပါတယ်။

နေပြည်တော်ကို လွှတ်တော်အစည်းအဝေး တက်ရောက်ဖို့ ရောက်ရှိနေကြတဲ့ လွှတ်တော်အမတ်တွေထဲက semi-lockdown ရှိတဲ့ ရန်ကုန် ၁၀ မြို့နယ်က  ပြည်သူ့လွှတ်တော်အမတ် ၁၀  ဦးနဲ့ အမျိုးသားလွှတ်တော်အမတ် ၅  ဦး စုစုပေါင်း ၁၅ ဦးကို  မေလ ၁၂ ရက်နေ့က စတင်စစ်ဆေးခဲ့ပြီး ဒီနေ့ ဆေးစစ်ချက် အဖြေထွက်လာတာပါ။

ဆေးစစ်မှုမှာ ပါဝင်ခဲ့တဲ့ ဗိုလ်တထောင်မြို့နယ်က ပြည်သူ့လွှတ်တော်အမတ် ဒေါ်မေစိုးက “မနေ့က သီးသန့်ပေါ့နော်၊ ကျမတို့ကို မနေ့က Swab စစ်တယ်။ Swab စစ်တဲ့အခါမှာ ဒီနေ့မနက်မှာ CEC က အန်တီဒေါ်မေဝင်းမြင့်က တင်ထားပါတယ်။ အားလုံး all negative ပါလို့ တင်ထားပါတယ်ရှင့်။ အဲ့ဒီတော့ ကျမတို့ မနေ့က စစ်တဲ့ ၁၅ ယောက်လုံးကတော့ all negative ပါရှင့်” လို့ ပြောပါတယ်။

အစောပိုင်းက လွှတ်တော်အမတ်တွေကို မေလ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ ဆေးစစ်ဖို့နဲ့ နေပြည်တော်ကို ရောက်နေတဲ့ မိသားစုဝင်တွေ၊ လွှတ်တော်အတွင်းက ဝန်ထမ်းတွေကို ဒီနေ့ မေလ ၁၃ ရက်နေ့မှာ စစ်ဖို့ စီစဉ်ထားတာပါ။

အန်အယ်လ်ဒီပါတီရဲ့ CEC အဖွဲ့ဝင်၊ မရမ်းကုန်းမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာဒေါ်မေဝင်းမြင့်က “အမှန်တော့ အန်တီတို့ ဒီကိုယ်စားလှယ်တွေက ၁၄ ရက်၊ ၁၅ ရက်ပဲ လုပ်မှာလေ။ စစ်ဖို့ နံပါတ်တွေ ပေးထားပြီးသား။ ရုတ်တရက်ပဲ Lockdown ချထားတဲ့ ၁၀ မြို့နယ်ပေါ့၊ အန်တီတို့ မရမ်းကုန်းအပါအဝင် အဲဒီမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးကို မနေ့က ဦးစားပေးပြီး စစ်လိုက်တာ၊ ဦးစားပေးပြီး စစ်လိုက်တယ်ဆိုတာကတော့ ဒီနေ့ သူတို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမေးအဖြေတွေ ရှိတယ်။ ဒီအတွက်ကို သူတို့က ကြိုတင်ပြီး စစ်လိုက်တယ်လို့တော့ ပြောပါတယ်” လို့ ပြောပါတယ်။

မေလ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာလည်း ကျန်ရှိနေတဲ့ လွှတ်တော်အမတ်တွေကို ဓာတ်ခွဲနမူနာယူ စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်မှာပါ။

ဆေးစစ်မှု ခံယူပြီးပါကလည်း လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တည်းခိုဖို့ ရောက်ရှိနေတဲ့ စည်ပင်ဧည့်ရိပ်သာ (၂) က မိမိအခန်းမှာပဲ လာမယ့် တနင်္ဂနွေနေ့အထိ နေထိုင်ကြဖို့  ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံးကတော့ ဆေးစစ်ပြီးစီးသွားပြီဖြစ်ပြီး တစ်ဦးမှ COVID-19 ပိုး မတွေ့ရဘူးလို့ တပ်မတော်က ကြေညာထားပါတယ်။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013