DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ၅ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်အချို့က ဥပဒေနှင့် မလျော်ညီစွာ စစ်ဆေးခဲ့ဟု တပ်မတော်ထုတ်ပြန်
DVB
·
May 12, 2020
ဖမ်းဆီးခံ ၅ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်အချို့က ဥပဒေနှင့် မလျော်ညီစွာ စစ်ဆေးခဲ့ဟု တပ်မတော်ထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖမ်းဆီးခဲ့တဲ့ အမျိုးသား ၅ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တချို့က ဥပဒေနဲ့  မလျော်ညီစွာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့   မေလ ၁၂ ရက်ညက သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတဲ့ ရခိုင်အမျိုးသားတချို့ကို မျက်နှာမှာ အဝတ်စည်းပြီး နောက်ပြန်ကြိုးတုတ်ကာ နှိပ်စက်ညှဉ်းပန်း စစ်ဆေးနေတဲ့ ဗီဒီယိုဖိုင်တခု  အခုရက်ပိုင်းအတွင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။

အဆိုပါ ဗီဒီယိုဖိုင်ပါ ဖြစ်စဉ်ကို စိစစ်ခဲ့ရာမှာ  ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာက  အေအေအဖွဲ့နဲ့ ဆက်နွှယ်တယ်လို့  ယူဆရတဲ့  အမျိုးသား ၅ ဦးကို ထိန်းသိမ်းပြီး လိုအပ်တဲ့ စစ်ဆေးမှုပြုလုပ်ခဲ့တာဖြစ်ကြောင်းနဲ့ ထပ်မံစစ်ဆေးပြီး တရားစွဲဖို့အတွက် ပုဏ္ဏားကျွန်းမှ စစ်တွေသို့ ဧပြီ ၂၇ ရက်မနက်က စစ်ရေယာဉ်နဲ့ ပို့ဆောင်ခဲ့တာလို့ တပ်မတော်က ဆိုပါတယ်။

ဒီလိုပို့ဆောင်စဉ် အစောင့်အဖြစ်လိုက်ပါလာတဲ့  လုံခြုံရေးတပ်ဖွဲ့ဝင်တချို့က ဥပဒေနဲ့ မလျော်ညီတဲ့ စစ်ဆေးမေးမြန်းမှုတွေ ဆောင်ရွက်ခဲ့တဲ့  Video ဖိုင်ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်တွေ့ရှိရတယ်လို့လည်း  တပ်မတော် သတင်းမှာဖော်ပြပါတယ်။ 

အခုလို ဥပဒေနဲ့ မလျော်ညီတဲ့ စစ်ဆေးမေးမြန်းမှုတွေ ဆောင်ရွက်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စစ်စည်းကမ်းအရအရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013