DVB Logo
Home
မြန်မာသတင်း
နေပြည်တော်ရှိ စားသောက်ဆိုင်ပိုင်ရှင်ကို ဒေသန္တရအမိန့်ချိုးဖောက်မှုဖြင့် ထောင်ဒဏ်ချမှတ်
DVB
·
May 12, 2020
နေပြည်တော်ရှိ စားသောက်ဆိုင်ပိုင်ရှင်ကို ဒေသန္တရအမိန့်ချိုးဖောက်မှုဖြင့် ထောင်ဒဏ်ချမှတ်
Donate to DVB

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှာ ဒေသန္တရအမိန့်မလိုက်နာတဲ့ ငွေလှေမင်း စားသောက်ဆိုင် ပိုင်ရှင်ကို မြို့နယ် တရားရုံးက ထောင်ဒဏ် ၁၅ ရက်ချမှတ်လိုက်ပါတယ်။

ဇေယျာသီရိမြို့နယ်ထဲက ကျည်တောင်၊ ခေါ်မ၊ သာယာဝှမ်း မြစ်ကမ်းဘေး (လှေခွင်းတောင်) တစ်လျှောက်က ဆိုင်ခန်းတွေကို ပါဆယ်စနစ်နဲ့ ရောင်းချဖို့သာ ခွင့်ပြုထားခဲ့ပြီး လာရောက်အပန်းဖြေသူတွေကိုလည်း အရေးယူဖို့ ဒေသန္တရအမိန့်ထုတ်ပြန် တားမြစ်ထားတာပါ။

အဆိုပါဆိုင်ဟာ အမိန့်မလိုက်နာဘဲ လူစုလူဝေးနဲ့ စားသောက်နေတာတွေ့လို့ ဆိုင်ပိုင်ရှင်ကို အရေးယူခဲ့တာလို့ ကျည်တောင်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းက ပြောပါတယ်။ 

“ဒေသန္တရအမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ဆိုင်တွေကို ပါဆယ်စနစ်နဲ့ရောင်းဖို့ ညွှန်ကြားထားတာ။ ဆိုင်တွေကို သွားစစ်ဆေးကြည့်တော့ ငွေလှေမင်းဆိုင်မှာ လူစုလူဝေးနဲ့ စားသောက်နေတာတွေ့ရတယ်။ အုပ်ချုပ်ရေး ရာအိမ်မှူးတွေ၊ ရဲတွေနဲ့ သွားစစ်ဆေးတာ ဆိုင်ထိုင်တွေကိုတွေ့ရတယ်။ ဒေသန္တရအမိန့်၃/၂၀၂၀ အမိန့်ကိုချိုးဖောက်တာသွားတွေ့ရတယ်။ ဆိုင်ရှင်တယောက်ထဲကိုအရေးယူတာ။ ငွေလှေမင်း အပန်းဖြေစခန်းက ပိုင်ရှင်ကိုအရေးယူလိုက်တာပါ။ နောက်ပိုင်း အရေးယူတာတော့ မရှိသေးဘူး”

ဒေသန္တရအမိန့်ကို မေလ ၈ ရက်နေ့က ထုတ်ပြန်ထားတာဖြစ်ပြီး ကျည်တောင်ကျေးရွာ အုပ်စုအတွင်း ပေါင်းလောင်းမြစ်ကမ်းတစ်လျှောက်မှာ လူ ၅ ဦးနဲ့ အထက် စုဝေးစားသာက်ခြင်း၊ သွားလာပျော်ပါးခြင်းတွေ မပြုလုပ်ဖို့တားမြစ်ထားတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013