Home
မြန်မာသတင်း
ဒေါ်လာ ၃ သိန်းခန့်တန်ဖိုးရှိ COVID-19 ကာကွယ်ရေး ဆက်စပ်ပစ္စည်းများ မြဝတီရောက်
DVB
·
May 12, 2020
97066679_288301595894265_258664332387155968_n
96748834_269919687734018_5265911268203560960_n
96235936_366147224344089_2885919892052115456_n
97667901_660301371427227_7507513888930267136_n
97464038_1197837743941400_7294109264778362880_n
COVID-19 ရောဂါ ကာကွယ်တားဆီးရာမှာ အသုံးပြုတဲ့ ကျန်းမာရေးဆိုင်ရာ ဆက်စပ်ပစ္စည်းတွေ အမေရိကန် ဒေါ်လာ ၃ သိန်း ဖိုးလောက် ထိုင်းနိုင်ငံဘက်ကနေ နယ်စပ်ချစ်ကြည်ရေးတံတားအမှတ်(၂)ကို ကျော်ဖြတ်ပြီး  မြဝတီဘက်ကို ဒီကနေ့ ရောက်ရှိပါတယ်။ အဆိုပါဆက်စပ်ပစ္စည်းတွေကို မြဝတီခရိုင်ရှိ   ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ အကောက်ခွန်ဦးစီးဌာနတို့က  ကြိုဆိုလက်ခံကြပြီး ကုန်ပစ္စည်းတွေကို  စစ်ဆေးကြပါတယ်။ ထိုင်းမော်တော်ယာဉ် ကွန်တိန်နာ ၃ စီးနဲ့  ဆက်စပ်ပစ္စည်းမျိုးစုံ (၁၂)မျိုးပါ ဂျက်ဖါ (၁၈၃)ဖာ ကာလတန်ဖိုးက  အမေရိကန်ဒေါ်လာ ၂၇၇၄၀၈ ရှိပါတယ်။ ဒီပစ္စည်းတွေကို မြဝတီမြို့ကနေ ရန်ကုန်ရှိ  အမျိုးသားကျန်းမာရေးဌာနကို ဆက်လက်ပို့မှာဖြစ်ပြီး ဒီနောက် တိုင်းနဲ့ပြည်နယ်ရှိ လိုအပ်တဲ့ ဆေးရုံတွေကို ဆက်လက်ဖြန့် ဝေမယ်လို့ သိရပါတယ်။ သတင်း- ဖိုးစီ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024