DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင်ထောင်ကျပြီး ပြန်လာသူများ Quaratine ဝင်နေစဉ် အဝတ်အစားအကူအညီ လိုအပ်နေ
DVB
·
May 12, 2020
မလေးရှားတွင်ထောင်ကျပြီး ပြန်လာသူများ Quaratine ဝင်နေစဉ် အဝတ်အစားအကူအညီ လိုအပ်နေ
1 / 5
Donate to DVB

မလေးရှားနိုင်ငံမှာ ထောင်ကျပြီး မေလ ၁၁ ရက် ညပိုင်းက ပြန်လည်ရောက်ရှိလာသူတွေကို ပုသိမ်တက္ကသိုလ်မှာ ထားရှိရာမှာ Facility Quaratine ဝင်နေသူတွေ အဝတ်အစား အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ထောင်ကျ ခဲ့ရာက  နှစ်နိုင်ငံအစိုးရညှိနှိုင်းမှုနဲ့ ပြန်ပို့တာကြောင့် မေလ ၁၁ ရက် နေ့လည်ပိုင်းက ရန်ကုန်ပြန်လည်ရောက်ရှိလာပြီး ဒီအထဲက ဧရာဝတီတိုင်းမှာနေထိုင်သူတွေက  ညပိုင်းမှာ ပုသိမ်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။ 

Facility Quaratine မှ စေတနာဝန်ထမ်း ကိုကျော်ကျော်မင်းက  "သူတို့အတွက် အဓိကတော့ အဝတ်အစားတွေ လိုနေတာ။ ကျန်တာတွေကတော့ ဒီမှာအားလုံး စီစဉ်ပေးထားပါတယ်၊ သူတို့က ထောင်ကျပြီး ပြန်ပို့ခံရတာဆိုတော့ အဝတ်အစားတွေ ပါမလာ ကျတော့တာ အဲ့တာကြောင့် လိုနေတာပါ၊ ကျနော်တို့လည်း အလှူတော့ ခံထားပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

မလေးရှားနိုင်ငံကနေ ပြန်လာသူ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်း  ၁၈ ဦးရှိပြီး  အများစုက ငပုတော၊ မြန်အောင်နဲ့ ပန်းတနော်မြို့နယ်က ဖြစ်ပါတယ်။

သူတို့ ၁၈ ဦးဟာ မြန်မာနိုင်ငံနဲ့ မလေးရှား နှစ်နိုင်ငံညှိနှိုင်းပြီး မေလ ၁၁ ရက်နေ့က စင်လုံးငှားအထူးလေယာဉ် ၂ စီးနဲ့ ပြန်ပို့တဲ့ ၃၉၁ ဦးနဲ့အတူ ပါဝင်လာတာဖြစ်ပါတယ်။

မေလ ၃ ရက်နေ့က တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်ကြား ကြံနဲ့ ဖရဲစိုက် ရွှေ့ပြောင်းလုပ်သားတွေ မိုင်းယန်းဂိတ်ကတဆင့် ပြန်လည်ဝင်ရောက်လာ ၁၀၉ ဦးကို လည်း ဧရာဝတီတိုင်းအစိုးရက ပြန်လည်ခေါ်ဆောင်ခဲ့ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် စောင့်ကြည့်ရေးစခန်းတွေမှာ ၂၁ ရက်စောင့်ကြည့် နေပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013