DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်၏ ပထမဆုံး COVID-19 ကူးစက်ခံလူနာဆရာဝန် ဒေါက်တာမြင့်မြင့်စိန် Negative ၂ ကြိမ်ပြပြီ
DVB
·
May 11, 2020
မြန်မာပြည်၏ ပထမဆုံး COVID-19 ကူးစက်ခံလူနာဆရာဝန် ဒေါက်တာမြင့်မြင့်စိန် Negative ၂ ကြိမ်ပြပြီ
Donate to DVB

ဝေဘာဂီအထူးကုဆေးရုံကြီးမှာ COVID-19 ပိုးတွေ့လူနာအဖြစ် ဆေးကုသမှုခံယူနေတဲ့ ပြည်မြို့က မေ့ဆေးအထူးကုဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်ဟာ ဓာတ်ခွဲစစ်ဆေးချက် အဖြေအရ Negative ၂ ခါပြခဲ့ပြီလို့  ဝေဘာဂီအထူးကုဆေးရုံကြီးက ပါမောက္ခ ဒေါက်တာစံပယ်ဖြူက ဒီဗွီဘီကို ပြောပါတယ်။

ဒေါက်တာမြင့်မြင့်စိန်ဟာ ပထမအကြိမ်မှာ Positive ၊ ဒုတိယအကြိမ်မှာ Negative ၊ တတိယအကြိမ်မှာ Positvie ၊ စတုတ္ထအကြိမ်မှာ Negative ၊ ပဉ္စမအကြိမ်မှာ Positvieဖြစ်ခဲ့ကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ရေးသားထားရာကနေ ဒီနေ့ မေလ ၁၁ ရက်နေ့မှာတော့ Negative ၂ခါပြကြောင်း ရေးသားလာပါတယ်။

ပိုးတွေ့လူနာတွေအနေနဲ့ Negative ၂ ခါပြပြီးနောက် ဆေးရုံက ဆင်းခွင့်ရမှာဖြစ်ပြီး Facility Quarantine ၁၄ရက် (၂ပတ်) နဲ့ Home Quarantine ၇ ရက်(တစ်ပတ်) ဆက်နေရမှာဖြစ်ပါတယ်။

အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်ဟာ ပြည်ခရိုင်ကုတင် ၅၀၀ ဆေးရုံမှာ COVID -19 အတည်ပြုလူနာတစ်ဦးကို ဆေးကုသပေးရင်း မြန်မာပြည်ရဲ့ ပထမဆုံးကူးစက်ခံလူနာဆရာဝန်တစ်ဦးလည်းဖြစ်ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးရာမှာ   Case - 30 နဲ့  Case - 97 တို့ဟာ ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိတာကြောင့် မေလ ၁၁ ရက် အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၇၄) ဦးရှိကြောင်းနဲ့ အဲဒီအထဲက ၅၉ ဦးကိုတော့  ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ် နေရာတွေမှာ အသွားအလာဆက်လက်ကန့်သတ် စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013