DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၃၉၁ ဦးကို ပြန်ပို့
DVB
·
May 11, 2020
မလေးရှားတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၃၉၁ ဦးကို ပြန်ပို့
1 / 3
Donate to DVB

မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီး ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၃၉၁ ဦးကို မလေးရှားအစိုးရက ဒီနေ့ မြန်မာနိုင်ငံကို ပြန်ပို့လိုက်ပါတယ်။

မလေးရှားအစိုးရ စီစဉ်တဲ့ Malaysia Airlines စင်းလုံးငှားအထူးလေယာဉ် ၂ စီးနဲ့ ဒီနေ့ မနက် ၁၀ နာရီကျော်နဲ့ ညနေ ၃ နာရီမှာ မြန်မာနိုင်ငံသား ၃၉၁ ယောက်ဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အသီးသီးပြန်လည်ရောက်လာတယ်လို့ နိုင်ငံခြားရေးဝန်ကြီးရုံးက ထုတ်ပြန်ပါတယ်။

အဲဒီထိန်းသိမ်းခံ မြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် နိုင်ငံသားမှန်ကန်မှုစိစစ်ပြီး မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့ကနေ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- C of I) ထုတ်ပေးခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ကလည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်နဲ့အညီ မလေးရှားနိုင်ငံက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ မြန်မာသံရုံး၊ ကွာလာလမ်ပူ မြို့၊ မြန်မာနိုင်ငံက သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ တိုင်းနဲ့ပြည်နယ်အစိုးရတို့နဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့တာလို့ ဆိုပါတယ်။

သူတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ချိန်မှာ လူဝင်မှုကြီးကြပ်ရေးဝ ကျန်းမာရေးစိစစ်ရေးတို့ကို လုပ်ခဲ့ပြီး သူတို့ပြန်ကြမယ့် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အသီးသီးကို သတ်မှတ်မော်တော်ယာဉ်တွေနဲ့ ခေါ်ဆောင်ဖို့၊ သက်ဆိုင်ရာဒေသတွေကို ရောက်ချိန်မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့အညီ Community Based Facility Quarnatine ၂၁ ရက် ထားနိုင်ရေးကို သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့က တာဝန်ယူပေးတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013