DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တွင် အသွားအလာကန့်သတ်မှုကြောင့် ခရမ်းချဉ်သီးများ မရောင်းရသဖြင့် ပေးဝေ
DVB
·
May 11, 2020
ရှမ်းပြည်တွင် အသွားအလာကန့်သတ်မှုကြောင့် ခရမ်းချဉ်သီးများ မရောင်းရသဖြင့် ပေးဝေ
1 / 4
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားတာကို ထိန်းချုပ်နိုင်ဖို့ မြို့ရွာတွေ အသွားအလာ ကန့်သတ်ထားတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာရှိတဲ့ ခရမ်းချဉ်စိုက်တောင်သူတွေဟာ မရောင်းချရတော့ဘဲ အလကားပေးဝေနေရလို့ နစ်နာဆုံးရှုံးနေကြပါတယ်။

"ခရမ်းချဉ်း အဓိကစိုက်ပျိုးကြတာလေ။ ခုတော့ဘယ်လိုမှရောင်းမရလို့ ခုလိုပဲ ခူးပြီး ယူချင်တဲ့သူ ယူဆိုပြီး ပုံထားရတယ်။ ဆရာတော်အစီအစဉ်နဲ့ အထုပ်ကလေးတွေထုပ်ပြီးလည်း လှူပေးနေတယ်'' လို့ နမ့်ဟူးကြီးရွာက တောင်သူ ခွန်နီဝေးက ပြောပါတယ်။

ညောင်ရွှေမြို့နယ် အင်းလေးကန်ဝန်းကျင်က ရွာအများစုဟာ အဓိကစိုက်ပျိုးသီးနှံအဖြစ် ခရမ်းချဉ်ကို အားထားစိုက်ပျိုးနေရတာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်တာတွေမှာလည်း စိုက်ပျိုးရေးထွက်ကုန်တွေ အများဆုံးဖြစ်ပါတယ်။

ဒေသထွက်သီးနှံတွေ ပျက်စီးဆုံးရှုံးတာ မဖြစ်စေဖို့ ကုန်ကြမ်းကနေ ကုန်ချောအဖြစ် ပြောင်းလဲထုတ်လုပ်ပေးနိုင်မယ့်အစီအမံနဲ့ နည်းပညာတွေကို အစိုးရက အသိပညာပေး ဆောင်ရွက်ပေးဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

အောင်ဇေယျ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013