DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် Quarantine ဝင်နေသူ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး သေဆုံး
DVB
·
May 11, 2020
မုံရွာတွင် Quarantine ဝင်နေသူ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ၊ အထက ၅ မှာ ရန်ကုန်က ပြန်လာလို့ စောင့်ကြည့်သူအဖြစ် ၂၁ ရက် Quarantine ဝင်နေသူ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး သေဆုံးခဲ့ပါတယ်။ 

သေဆုံးသူဟာ ဧပြီ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ကနေ ပြန်လာတာဖြစ်ပြီး Facility Quarantine အဖြစ် ရပ်ကွက် အထက်တန်းကျောင်းမှာ ခေတ္တနေထိုင်နေတာ ၁၆ ရက်ရှိပြီဖြစ်ပါတယ်။

မေလ ၁၁ ရက်နေ့ မနက် ၁၀ နာရီကျော်လောက် သတိလစ်သွားတာကြောင့် မုံရွာမြို့ ကုတင် ၅၀၀ ဆေးရုံကြီးကို ပို့ဆောင်စဉ် သေဆုံးသွားတာလို့ သိရပါတယ်။

"သေဆုံးတာတော့ ဟုတ်တယ်။ ကျနော်တို့လည်း နန္ဒဝန်အိမ်ရာမှာ နေရပ်ပြန်ကတည်းက ကိုယ်အပူချိန်မြင့်တဲ့ လူနာတွေ့လို့ ဆေးရုံပို့လာတုန်း တွေ့တာပဲ။ သေတဲ့သူက အသက်လည်း ကြီးပြီ။ ရောဂါအခံလည်း ရှိတယ်။ သွေးတိုးလည်းရှိတယ်။ လေဖြတ်ထားတယ်။ ခြေကျိုးထားတယ်။ အစာအိမ်ရောဂါလည်း ရှိတယ်လို့ ပြောတယ်။ ရာသီဥတုကလည်း ပူတာကိုး။ အဲဒါကြောင့်လည်း ပါမှာပေါ့။ လောလောဆယ်တော့ သင်္ဂြိုဟ်ဖို့ လုပ်နေပါတယ်" လို့ မုံရွာမြို့ ချင်းတွင်းအားမာန်ကွက်ရက်မှ တာဝန်ရှိသူ ဦးသန်းနိုင်ဦးက ပြောပါတယ်။

သေဆုံးသူရဲ့ နာခေါင်းတို့ဖတ်နမူနာတွေကိုတော့ ဓာတ်ခွဲခန်းကို ပို့ဆောင်ပြီး ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးသွားမယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း မြေမြုပ်သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေကို ဆက်သွယ်လို့ မရသေးပါဘူး။

စစ်ကိုင်းတိုင်းမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၇ ဦးရှိပြီး ၁ ဦးကတော့ သက်သာပျောက်ကင်းတဲ့အတွက် ဆေးရုံက ဆင်းခွင့်ပြုထားပြီဖြစ်ပါတယ်။ 

မေ ၁၀ ရက်နေ့ထိ စာရင်းတွေအရ တိုင်းအတွင်း Quarantine Center ၂၀၇၆ ခုမှာ ပြည်ပကပြန်လာသူ ၁၃၅၂၂ ဦးရှိပါတယ်။ 

သံသယလူနာအနေနဲ့ ၆၇ ရှိပြီး ရောဂါးပိုးမတွေ့လို့ ပြန်လွှတ်သူ ၆၁ ဦး၊ ၆ ဦးကတော့ ဓာတ်ခွဲအဖြေစောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013