DVB Logo
Home
မြန်မာသတင်း
UAE နိုင်ငံတွင် အခက်တွေ့နေသည့် မြန်မာနိုင်ငံသား ၁၄၈ ဦး ရန်ကုန်လေဆိပ်ရောက်ရှိ
DVB
·
May 11, 2020
UAE နိုင်ငံတွင် အခက်တွေ့နေသည့် မြန်မာနိုင်ငံသား ၁၄၈ ဦး ရန်ကုန်လေဆိပ်ရောက်ရှိ
1 / 3
Donate to DVB

အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ ( UAE )  မှာ  လုပ်ငန်းတွေ  ရပ်တန့်ထားတာကြောင့်  အခက်အခဲ ကြုံတွေ့နေကြရတဲ့  မြန်မာအလုပ်သမားတွေနဲ့ ဒူဘိုင်းဆိပ်ကမ်းရောက်ရှိနေတဲ့ သင်္ဘောသားတွေ အပါအဝင် မြန်မာနိုင်ငံသား ၁၄၈ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ မေ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲမှာ ရန်ကုန်လေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။ 

ပြန်ရောက်လာတဲ့သူတွေကို ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်တွေနဲ့အညီ သီးခြားသတ်မှတ်ပေးထားတဲ့နေရာတွေမှာ ၂၁ ရက် အသွားအလာကန့်သတ်နေထိုင်ရေးကို အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာန ကျန်ပမာရေးဌာနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့က သက် ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှုကို ယာယီရပ်ဆိုင်းထားတဲ့အတွက် ပြည်ပနိုင်ငံအသီးသီးမှာ ပိတ်မိပြီး အခက်ခဲဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းပြီး နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်နေတာပါ။

 ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ အာရပ် စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး) တို့မှ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၁၁၁၃ ဦးတို့အား ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ မြန်မာနိုင်ငံငံကို ပြန်လည်ခေါ်ဆောင် ပေးခဲ့ပြီးဖြစ်သည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013