DVB Logo
Home
မြန်မာသတင်း
‘ဝ’နှင့် မိုင်းလားတပ်ဖွဲ့တို့ကို ကာချုပ်တွေ့ဆုံ၊ မိမိတိုင်းပြည်ကို အားကိုးစိတ် မွေးရန်တိုက်တွန်း
DVB
·
May 10, 2020
‘ဝ’နှင့် မိုင်းလားတပ်ဖွဲ့တို့ကို ကာချုပ်တွေ့ဆုံ၊ မိမိတိုင်းပြည်ကို အားကိုးစိတ် မွေးရန်တိုက်တွန်း
Donate to DVB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  NDAA (မိုင်းလား) အဖွဲ့နဲ့ UWSA (ဝ) အဖွဲ့တို့က တာဝန်ရှိတွေနဲ့ ဒီကနေ့ သီးခြားစီတွေ့ဆုံပြီး COVID-19  ရောဂါထိန်းချုပ်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

မေလ ၁၀ ရက် မွန်းလွဲပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ရွှေတြိဂံရိပ်သာ ဧည့်ခန်းမ ဆောင်မှာ NDAA(မိုင်းလား)အဖွဲ့မှ ဥက္ကဋ္ဌ ဦးစိုင်းလင်းခေါင်းဆောင်တဲ့အဖွဲ့တွေနဲ့  UWSA (ဝ) အဖွဲ့မှ ဦးညီကပ် ခေါင်းဆောင်တဲ့ အဖွဲ့ဝင်တွေကို ကာကွယ်ရေးဦးစီးချုပ်က လက်ခံတွေ့ဆုံခဲ့တာပါ။

ဒီလိုတွေ့ဆုံရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကမ္ဘာပေါ်မှာ COVID-19 ရောဂါဖြစ်ပွားသူပေါင်း ၄ သန်းကျော်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ  ဖြစ်ပွားသူ ပေါင်း ၁၇၈ ဦးရှိပြီဖြစ်ကြောင်း၊ အဆိုပါ ရောဂါဟာ မမြင်ရ၊ မကြားရ၊ အနံ့ခံ မရနိုင်တာကြောင့် လူတိုင်းကိုယ်စီအသိစိတ်နဲ့ သတိထားနေထိုင်ကြရမည်ဖြစ်ကြောင်း၊ မိုင်းလားဒေသမှာ အရပ်ဘက်ဆရာဝန် မလုံလောက်ပါက တပ်မတော်ဆေးအဖွဲ့တွေ စေလွှတ်ပေးမယ်လို့ ပြောပါတယ်။

မြန်မာစာ၊ မြန်မာစကားနဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွေ သင်ကြားပေးဖို့ နယ်စပ်က ပြန်ဝင်လာပြီး Qurantine  ထားရှိသူတွေရဲ့ အချက်အလက်တွေကို မှတ်တမ်းထားရှိဖို့၊ သွားလာမှုစည်းကမ်းတွေ စနစ်တကျလိုက်နာကြဖို့၊  ဆေးစစ်လိုပါက ကျိုင်းတုံမှာလာစစ်ဆေးဖို့နဲ့ မိမိတိုင်းပြည်ကို အားကိုးစိတ် မွေးရန်လိုတယ်လို့လည်း ပြောပါတယ်။ 

ပုံမှန်အားဖြင့် ဇွန်လမှာ စာသင်ကျောင်းတွေပြန်ဖွင့်ရမှာဖြစ်လို့ တကယ်လို့ ရောဂါဖြစ်ပွားမှု အခြေအနေအရ ကျောင်းပြန်ဖွင့်ဖို့ အခက်အခဲရှိမယ်ဆိုပါက ဒေသတွင်းရှိ ကျောင်းသား၊ ကျောင်းသူတွေကို သတ်မှတ်အကွာအဝေးနဲ့ ဆရာ၊ ဆရာမ တစ်ဦးလျှင် ၁၀ ဦးနှုန်း သင်ကြား ပေးစေလိုတယ်လို့လည်း ပြောပါတယ်။

NDAA (မိုင်းလား) အဖွဲ့နဲ့  UWSA (ဝ) အဖွဲ့တို့ကလည်း သူတို့ဒေသမှာ COVID-19   ရောဂါဖြစ်ပွားသူ မရှိသေးကြောင်းနဲ့ ဖြစ်ပေါ်လာပါက အသုံးပြုနိုင်ဖို့ ဆေးရုံ၊ ဆေးခန်းတွေ အသင့်ပြင်ဆင်ထားသလို နယ်စပ်ဝင်ပေါက်တွေမှာလည်း  ဇန်နဝါရီလ ကတည်းက စစ်ဆေးဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

NDAA  (မိုင်းလား) အဖွဲ့နဲ့ UWSA (ဝ) အဖွဲ့တို့အတွက်  တပ်မတော်က တစ်ဖွဲ့လျှင် PPE ဝတ်စုံ ၅၀၀ စုံ၊  Surgical Masks  ၁၀၀၀၀ ခု၊ Goggles ၁၀၀ ခု၊ Surgical Gloves ၁၀၀၀ ခု၊ Bleaching Powder  ၂ ပုံး၊ Non-Contact Thermometer ၅၀ ခု၊ Hand Gel ၂၅၀ ဘူးနဲ့ N 95 Mask  ၅၀၀ ခုနဲ့ စားသောက်ဖွယ်ရာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ တပ်မတော် ထုတ်ပြန်ချက်အရ သိရပါတယ်။

PHOTO-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013