DVB Logo
Home
မြန်မာသတင်း
အထူး​ဒေသ ၄ တွင် ၂၁ ရက် Quarantine ဝင်ပြီးသူ  ၂၄၁ ဦး မိုင်းယန်းမြို့သို့ ရောက်ရှိ
DVB
·
May 10, 2020
အထူး​ဒေသ ၄ တွင် ၂၁ ရက် Quarantine ဝင်ပြီးသူ  ၂၄၁ ဦး မိုင်းယန်းမြို့သို့ ရောက်ရှိ
1 / 2
Donate to DVB

ရှမ်းပြည်နယ် အထူး​ဒေသ (၄) နယ်မြေ ဆီလူး​​ဒေသမှာ Facility Quarantine ၂၁ ရက်စောင့်ကြည့်ခံထားပြီးတဲ့ စိုက်ပျိုးရေးခြံအလုပ်သမား ၂၄၁ ဦးကို အထူး​ဒေသ ၄ တာဝန်ရှိသူတွေကို မိုင်းယန်းမြို့​ဒေသအာဏာပိုင်ဆီကို ဒီနေ့မနက် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

မိုင်းယန်းမြို့မရဲစခန်းမှူး ဒုရဲမှူး ကိုကိုဇော်က "တရုတ်နိုင်ငံထဲက စိုက်ပျိုးရေးခြံအသီးသီးမှာ လုပ်နေတဲ့သူတွေပါပဲ။ အချို့ကလည်း အထူးဒေသ(၄) နယ်မြေထဲ လုပ်နေတဲ့ အလုပ်သမားတွေလည်း ပါပါတယ်။ သူတို့က မိုင်းလားဘက်မှာ Facility Quarantine( ၂၁ ရက်ပြည့်အောင် စောင့်ကြည့်စစ်ဆေးပြီးမှ ဒီဘက်ကို ဆက်လက်စေလွှတ်ကြတာပါ။ နှစ်ဖက်ညှိနှိုင်းမှုတွေတော့ လုပ်ရတာပေါ့။”

ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းရှိ တရုတ်ပိုင် ဖရဲခြံ၊ သခွားခြံတွေမှာ သွားရောက်လုပ်ကိုင်နေတဲ့ ရှမ်းပြည်နယ် ၃၂ ဦး၊ ရခိုင်ပြည်နယ်မှ ၁၉၅ ဦး၊ မန္တလေးတိုင်းမှ ၁ ဦး၊ မကွေးတိုင်းမှ ၆ ဦး၊ ပဲခူးတိုင်းမှ ၄ ဦး၊ ရန်ကုန်တိုင်းမှ ၂ ဦး၊ ဧရာဝတီတိုင်း ၁ ဦး အပါအဝင် စုစုပေါင်း ၂၄၁ ဦးကို မိုင်းယန်းကနေ ကျိုင်းတုံကို ဆက်လက်ပို့ဆောင်သွားမယ်လို့ သိရပါတယ်။



အောင်ဇေယျ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013