DVB Logo
Home
မြန်မာသတင်း
မရမ်းကုန်းမြို့နယ်က အမျိုးသမီး ၁ ဦး တွင် COVID-19 ရောဂါ စစ်ဆေးတွေ့ရှိ 
DVB
·
May 9, 2020
မရမ်းကုန်းမြို့နယ်က အမျိုးသမီး ၁ ဦး တွင် COVID-19 ရောဂါ စစ်ဆေးတွေ့ရှိ 
Donate to DVB

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ COVID-19 အတည်ပြုလူနာသစ် ၁ ဦး ထပ်မံ စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီက ထုတ်ပြန်ပါတယ်။

အဆိုပါလူနာသစ်ဟာ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး ပြည်ပကိုခရီးသွားခဲ့တာ မရှိပေမယ့် လူနာအမှတ် ၉၈ နဲ့ထိတွေ့ခဲ့လို့ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူ ဖြစ်ပါတယ်။

ဒီနေ့ညနေပိုင်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၁၈၈ ခုနဲ့  ဆေးသုတေသနဦးစီးဌာနမှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၈၅ ခု၊ စုစုပေါင်း ၂၇၃ ခုမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်  ၁ ဦး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မေလ ၉ ရက် ၈ နာရီအထိ  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁၇၈ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ  ၆၈  ဦးရှိပြီဖြစ်ပါတယ်။

ဓာတ်ပုံ- MOHS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013