DVB Logo
Home
မြန်မာသတင်း
ကမမောင်း-ဖာပွန် ကားလမ်းကို ကေအန်ယူက ယာယီပိတ်ထား
DVB
·
May 9, 2020
ကမမောင်း-ဖာပွန် ကားလမ်းကို ကေအန်ယူက ယာယီပိတ်ထား
Donate to DVB

ဖာပွန်ခရိုင်မှာ တပ်မတော်နဲ့ ကေအန်ယူ တပ်မဟာ ၅ တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မေ ၈ ရက် ညနေပိုင်းကစတင်ပြီး ကမမောင်း-ဖာပွန် ကားလမ်းမကြီးကို ကေအန်ယူဘက်က ယာယီပိတ်ထားလိုက်တယ်လို့ တပ်မဟာ ၅ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောအယ်ဒိုထူးက  မေ ၉ ရက်နေ့မှာ ဒီဗွီဘီကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် နှစ်ဖက်တပ် လှုပ်ရှားသွားလာနေတဲ့အတွက် ပြည်သူလူထုတွေ ကြားမညပ်အောင်နဲ့ ထိခိုက်မှုမရှိအောင် ကမမောင်း-ဖာပွန်ကားလမ်းမကြီးကို ယာယီပိတ်ထားလိုက်တယ်လို့ ဆိုပါတယ်။

“လမ်းကြောင်းပိတ်တာက ယာယီပိတ်ထားတာ။ တဖက်နဲ့တဖက် လှုပ်ရှားမှုတွေရှိတဲ့အခါ ပြည်သူလူထုတွေ သွားလာလို့ရှိရင် ကြားညပ်မှာစိုးလို့။ တရက် နှစ်ရက်လောက်ပါပဲ။ လှုပ်ရှားသွားလာမှုတွေ နဂိုအတိုင်းပြန်ဖြစ်ရင် ပြန်ဖွင့်မှာပါ”လို့ ပြောပါတယ်။

ဖာပွန်ခရိုင်ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်း COVID-19 ကာကွယ်တားဆီးရေး ရောဂါစစ်ဆေးရေးစခန်းဖွင့်လှစ်ပြီး ဖြတ်သန်းသွားလာသူတိုင်းကို ကျန်းမာရေးစစ်ဆေးတာ အပူချိန်တိုင်းတာ လက်ဆေးတာတွေ စတဲ့ကျန်းမာရေး​စစ်ဆေးမှုတွေကို ပြုလုပ်နေတာပါ။

ဒီလိုလုပ်ဆောင်​နေတဲ့အပေါ် တပ်မတော်က ဝင်ရောက်ဟန့်တားခဲ့တာကြောင့် နှစ်ဖက်တင်းမာမှု ဖြစ်ပွားပြီး တိုက်ပွဲတွေဖြ စ်ပွားခဲ့တာပါ။

မေ ၆ ရက်နေ့က စတင်ပြီး ကေအန်ယူနဲ့ တပ်မတော်တို့ကြား ပစ်ခတ်မှု ၃ ကြိမ် ဖြစ်ပွားခဲ့သလို့ နှစ်ဖက်တပ်လှုပ်ရှားမှုတွေလည်း ရှိနေတဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာမှုကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဖာပွန်ခရိုင်၊ ဒွဲလုံမြို့နယ်၊ လေးဖိုးထားအုပ်စုအတွင်းက ဝါသိုးခိုကျေးရွာနဲ့ ကတိုင်တိကျေးရွာအုပ်စု ဖားလုံး လမ်းသွယ်မှာ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲ​တွေကြောင့် ဝါးသိုးခိုကျေးရွာက သေခံပြည်သူတွေဟာ ကျေးရွာတွင်း နေထိုင်မရဲတော့တဲ့အတွက် နီးစပ်ရာဆွေမျိုးတွေရှိရာနဲ့ တောထဲကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ၊ လမ်းပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီး တပ်မတော်(ရတခ) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးမောင်မောင်လတ်ကို ဆက်သွယ်မေးမြန်းပေမယ့် မေးမြန်းခွင့်မရခဲ့ပါဘူး။

ရဲမင်းခေါင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013