DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာမြို့နယ်ရှိ အခြေခံလူတန်းစား ၈၀၀၀ ကျော်ကို စားနပ်ရိက္ခာ ပေးဝေ
DVB
·
May 9, 2020
လှိုင်သာယာမြို့နယ်ရှိ အခြေခံလူတန်းစား ၈၀၀၀ ကျော်ကို စားနပ်ရိက္ခာ ပေးဝေ
1 / 2
Donate to DVB

လှိုင်သာယာမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စု ၈၀၀၀ ကျော်ကို COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီက စားနပ်ရိက္ခာပေးဝေနေပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလ ရုံးပိတ်ရက်ကာလအတွင်း နိုင်ငံတော်ကနေ ပထမအကြိမ် ပုံမှန်ဝင်ငွေမရရှိတဲ့ အခြေခံလူတန်းစားတွေကို ဆန်၊  ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် စတဲ့ စားနပ်ရိက္ခာ ၅ မျိုး ထောက်ပံ့ကူညီပေးတုန်းက လှိုင်သာယာမြို့နယ်အတွင်း အိမ်ထောင်စုပေါင်း ၈ သောင်းကျော်၊ လူဦးရေ ၃ သိန်း ၇ သောင်းခန့်သာ  ရရှိခဲ့ပါတယ်။

ဒါ့ကြောင့် လှိုင်သာယာမြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီကနေ   နိုင်ငံတော်က ရိက္ခာထောက်ပံ့ပေးတုန်းက မရရှိတဲ့သူတွေကိုသာ စာရင်းကောက်ယူပြီး  အိမ်ထောင်စုတစုကို ဆန် ၄ ပြည်၊  ဆီ ၅၀ သား၊ ကြက်သွန် ၁ ပိဿာကို  ဝေမျှပေးနေတာပါ။

COVID-19 ကာလ စားဝတ်နေရေးခက်ခဲမှု ကြုံတွေ့နေရတဲ့  လှိုင်သာယာမြို့နယ်အတွင်းက အခြေခံလူတန်းစား အိမ်ထောင်စု ၈၇၇၂ ဦးအတွက် အလှူရှင်တွေက လှူဒါန်းပေးတဲ့ စားသောက်ကုန်ပစ္စည်းတွေကို ဝေမျှပေးနေပါတယ်။

ဒီအစီအစဉ်ကို ကော်မတီက  မေလ ၅ ရက်နေ့လောက်  စတင်အကောင်အထည်ဖော် လုပ်ဆောင်နေတာဖြစ်ပြီး  လက်ရှိမှာ  အိမ်ထောင်စုပေါင်း ၂၇၀၀ ကျော်အထိ ဝေမျှပြီးစီးနေပြီလို့ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။

လူဦးရေ ၁ သန်းကျော်နေထိုင်ပြီး ရွှေ့ပြောင်းလုပ်သားတွေ အနေများတဲ့ လှိုင်သာယာမြို့နယ်အတွင်း စားနပ်ရိက္ခာတွေ ဝေပေးဖို့ စာရင်းကောက်ယူရမှာ အခက်အခဲမှုတွေ များစွာ ရှိနေပါတယ်။

ကော်မတီကနေ လာရောက်လှူဒါန်းပေးတဲ့ စားသောက်ကုန်တွေနဲ့ လက်တလော အဆင်ပြေမယ့် ရောဂါဖြစ်ပွားမှု ကြာမြင့်လာရင်  မိသားစုဝမ်းရေးက ရပ်တည်ဖို့ ခက်ခဲလာတာတွေ ရှိနေကြောင်း၊ ဒါ့ပြင် စက်ရုံအလုပ်ရုံတွေ အချိန်ကြာမြင့်စွာ ပိတ်လိုက်ပါက မိသားစုတွေထဲ အလုပ်လက်မဲ့ ဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြတယ်လို့ ရပ်ကွက်နေပြည်သူ ဒေါ်နှင်းဆီက ပြောပါတယ်။

COVID-19 ကာလ အခက်အခဲဖြစ်နေတဲ့ ရန်ကုန်တိုင်းဒေသထဲက အခြေခံလူတန်းစားတွေကို ဒုတိယအကြိမ် ထောက်ပံ့ပေးဖို့ တိုင်းအစိုးရကနေ  မြို့နယ်ရပ်ကွက်အလိုက် စာရင်းကောက်ယူမှုတွေ လုပ်ဆောင်နေပါတယ်။



နန့်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013