DVB Logo
Home
မြန်မာသတင်း
စင်ကာပူတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၄၀ ကျော်ကို ပြန်ခေါ်
DVB
·
May 9, 2020
စင်ကာပူတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၄၀ ကျော်ကို ပြန်ခေါ်
Donate to DVB

ကိုဗစ်-၁၉ ကြောင့် စင်ကာပူနိုင်ငံမှာ အခက်ကြုံပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၄၀ ကျော်ကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ဒီနေ့ ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။

ဒုတိယအသုတ်အနေနဲ့ ပြန်ခေါ်လာတာဖြစ်ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ပျံသန်းအမှတ် UB 1002 နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ စင်ကာပူနိုင်ငံကို ခဏလာရောက်တုန်း ပိတ်မိနေသူတွေ၊ ကိုယ့်စရိတ်နဲ့ ပညာသင်နေသူတွေ၊ အလုပ်လုပ်ခွင့်ပါမစ်နဲ့ အလုပ်လုပ်ကိုင်နေကြသူတွေနဲ့ အကျဉ်းထောင်ကနေ လွတ်မြောက်လာသူတွေ အပါအဝင် စုစုပေါင်း ၁၄၄ ယောက် ပါလာတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

မေ ၇ ရက်နေ့ကလည်း စင်ကာပူက မြန်မာနိုင်ငံသား ၁၄၄ ဦး ပြန်လည်ခေါ်ဆောင်ခဲ့သလို တတိယအသုတ်အနေနဲ့ မေ ၁၃ ရက်မှာ လူပေါင်း ၁၄၀ ကျော်ကို ပြန်ခေါ်ဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် မနေ့ကလည်း မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၉၃ ယောက်၊ ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၀၄ ယောက်၊  အင်ဒိုနီးရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံတို့မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား ၁၆ ယောက်ကို ကိုရီးယားနိုင်ငံ အင်ချွန်း  အပြည်ပြည်ဆိုင်ရာလေဆိပ်ကတဆင့် ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ဆိုက်ရောက်တာကို ယာယီရပ်ဆိုင်းထားတာကြောင့် ပြည်ပနိုင်ငံတွေမှာ အခက်ကြုံ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေက မြန်မာသံရုံးတွေ၊ မြန်မာနိုင်ငံက သက်ဆိုင်ရာဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးနေတာလို့ ဆိုပါတယ်။

မေ ၈ ရက်အထိ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့မှာ အမှန်တကယ် အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၆၀၈ ယောက်ကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013