DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းတွင် Mask မတပ်ပါက စတင်အရေးယူတော့မည်
DVB
·
May 9, 2020
မန္တလေးတိုင်းတွင် Mask မတပ်ပါက စတင်အရေးယူတော့မည်
Donate to DVB

မန္တလေးတိုင်းအတွင်းမှာ နေအိမ်အပြင်ထွက် သွားလာသူတွေ‌အနေနဲ့ Mask တပ်ဆင်ခြင်းမရှိပါက အရေးယူတော့မယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က အမိန့်ထုတ်ပြန်ထားပါတယ်။

Mask စနစ်တကျတပ်ဆင်ပြီး သွားလာဖို့ကို မေလ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ အသိပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ 

စီမံခန့်ခွဲရေး နည်းလမ်းနဲ့ အသိပညာပေးကာလအတွင်း Mask ကို စနစ်တကျ လုံခြုံစွာ တပ်ဆင်ခြင်းမရှိပါက ဒဏ်ပေးတဲ့အနေနဲ့ ငွေကျပ် ၁၀၀၀ နဲ့ Mask နှစ်ခု ဝယ်ယူတပ်ဆင်ရမှာဖြစ်ပြီး မေလ ၁၅ ရက် အသိပညာပေးကာလ ပြီးဆုံးပြီးနောက်မှာတော့ Mask ကို စနစ်တကျ တပ်ဆင်ခြင်းမရှိတဲ့သူတွေအနေနဲ့ ငွေကျပ် ငါးထောင်နဲ့ Mask နှစ်ခုကို ဝယ်ယူတပ်ဆင်ရမယ်လို့ သိရပါတယ်။

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က "ပြည်သူအများစုက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ အတည်ပြုလူနာမရှိတဲ့ နေ့နဲ့ နည်းတဲ့နေ့ နောက်တနေ့ဆိုရင် လမ်းပေါ်မှာ လူတွေ ပြန်များလာသလို mask စနစ်တကျတပ်သူ နည်းသွားတာတွေဟာ ကျန်းမာရေးအသိခေါင်းပါးတာနဲ့ စည်းကမ်းမလိုက်နာတတ်တဲ့ အကျင့်တွေကြောင့်ပါ" လို့ မှတ်ချက်ပြုထားပါတယ်။

မန္တလေးတိုင်း‌အတွင်း Homemade_Mask_Campaign_အဆင့်တစ်ကို ဧပြီလ ၁၁ ရက်နေ့ကစပြီး စျေးတွေမှာ အခမဲ့စတင်ဝေပေးခဲ့သလို ဧပြီလ ၁၆ ရက်နေ့ကစပြီး စျေးတွေနဲရပ်ကွက်တွေမှာ Mask အခုရေ  ၁ သိန်းကျော် အခမဲ့ပေးဝေခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧပြီ ၂၇ ရက်နေ့ကစပြီး Homemade Mask ၂ ခုကို ငွေကျပ် ၅၀၀ နဲ့ အခုရေ ၁ သိန်းကျော် ရောင်းချပေးခဲ့တဲ့အပြင် ဧပြီ ၁၃ ရက်နေ့ကစပြီး မန္တလေးတိုင်းရဲ့ ကျန်တဲ့ မြို့နယ်၂၂ မြို့နယ်လုံးမှာလည်း တိုင်းစည်ပင်က အခမဲ့ဖြန့်ဝေပေးခဲ့တယ်လို့ မန္တလေးစည်ပင်ကနေ သိရပါတယ်။

Mask တွေကို စနစ်တကျ လုံခြုံစွာ တပ်ဆင်သွားလာခြင်းမရှိပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူမယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013