DVB Logo
Home
မြန်မာသတင်း
ရခိုင်မြောက်ပိုင်း တိုက်ပွဲကြောင့် ကုန်းလမ်းခရီး အဆင်မပြေသဖြင့် သင်္ဘောများ ပြန်ပြေးဆွဲပေးရန် တောင်းဆို
DVB
·
May 9, 2020
ရခိုင်မြောက်ပိုင်း တိုက်ပွဲကြောင့် ကုန်းလမ်းခရီး အဆင်မပြေသဖြင့် သင်္ဘောများ ပြန်ပြေးဆွဲပေးရန် တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တွေမှာ တပ်မတော်နဲ့ ရခိုင့်တပ်တော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ကုန်းလမ်းကနေ ခရီးသွားလာဖို့ အဆင်မပြေတော့တာကြောင့် ရပ်ဆိုင်းထားတဲ့ ရေကြောင်းသ‌င်္ဘောခရီးစဉ်တွေ ပြန်ပြေးဆွဲပေးဖို့ လွှတ်တော်ကိုယ်စားလှယ်က တောင်းဆိုလိုက်ပါတယ်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက “ကုန်းလမ်းရယ်၊ ရေကြောင်းလမ်းရယ် ရှိတယ်ဆိုပေမယ့် ကုန်းလမ်းခရီးကလည်း နှစ်ဖက် တိုက်ပွဲဖြစ်နေတဲ့အတွက် သွားလို့လာလို့ အဆင်မပြေ ဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ ရခိုင်ပြည်ရဲ့တောင်ပိုင်းနဲ့ စစ်တွေမြို့ မြောက်ပိုင်းကို သွားမယ်ဆိုလို့ရှိရင် ရေလမ်းခရီးကိုပဲ အားကိုးပြီးသွားရတယ်။ အခုက အစိုးရရဲ့ သင်္ဘောတွေကို ရပ်နားထားတယ်ဆိုတော့ ခရီးသည်တွေဟာ အကြီးအကျယ်ဒုက္ခဖြစ်နေတယ် ဆိုတာ ကျနော်တို့လည်း သိပါတယ်။ အစိုးရအနေနဲ့ ရှုံးသည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ ခရီးစဉ်ကိုတော့ ပယ်ဖျက်မသွားစေချင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်နယ်မှာ ခရီးသည်တွေဟာ အတိဒုက္ခတွေ အကြီးအကျယ်ရောက်မှာကို မြင်မိပါတယ်။ အဲဒါကြောင့်မို့လို့ ကစ္စပနဒီသင်္ဘောကိုတော့ ဆွဲပေးစေချင်တယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့ကို ပြေးဆွဲနေတဲ့ ကစ္စပနဒီအမြန်ရေယာဉ် ၃ စီးထဲက ၂ စီး စက်ပစ္စည်းချို့ယွင်းနေပြီး ကစ္စပနဒီ ၃ မှာတော့ သက်တမ်းကုန်ဆုံးသွားခဲ့တာကြောင့် ယာရီရပ်တန့်ထားခဲ့ရတာလို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရခိုင်ဌာနခွဲမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်တင်က ပြောပါတယ်။

“ကျနော်တို့က စစ်တွေနဲ့ ကျောက်ဖြူကို ကစ္စပနဒီ ၃ နဲ့ ၁ ရယ်၊ ၂ စီးနဲ့ ပြေးဆွဲပါတယ်။ ကစ္စပနဒီ ၃ က လိုင်စင်သက်တမ်းက ၁ နှစ်ရထားတော့ လိုင်စင်သက်တမ်းကုန်သွားတဲ့အတွက် ခဏရပ်ထားပြီးတော့ သူ့ကို ရေပေါ်ဒေါက်တင်ပြီး စစ်ဆေးပြီးတော့ သက်တမ်းပြန်ရမှ ပြေးရမှာပါ။ သက်တမ်းတိုးပြီးတော့ စစ်ဆေးဖို့လုပ်တဲ့အချိန်မှာပဲ COVID-19 ကလည်းဖြစ်လာတဲ့ အနေအထားဖြစ်ပြီး လာရောက်စစ်ဆေးမယ့်သူကလည်း လာရောက်မစစ်ဆေးနိုင်တဲ့ အနေအထား ဖြစ်သွားပါတယ်။ ကျနော်တို့ဌာန အကြီးအကဲတွေ ညှိနှိုင်းပြီးတော့ ကျနော့်ကို ဒီလကစပြီးတော့ ပြန်လည်ပြေးဆွဲဖို့ ညွှန်ကြားထားပါတယ်။”

ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ကျောက်ဖြူမြို့ကနေ စစ်တွေကို ထွက်ခွာတဲ့ အောင်တံခွန် ၃ သင်္ဘောနစ်မြုပ်ပြီးနောက် ရခိုင်ပြည်သူတွေအတွက် ဂျပန်နိုင်ငံက ရေကြောင်း သွားလာရ အဆင်ပြေလွယ်ကူစေဖို့ ကစ္စပနဒီအမည်ရှိ ရေယာဉ်သင်္ဘော ၃ စီးကို လှူဒါန်းပေးခဲ့တာပါ။

 လက်ရှိမှာတော့ ကစ္စပနဒီ သင်္ဘော ၁ နဲ့ ၂ မှာ စက်ပစ္စည်းချို့ယွင်းနေသလို ကစ္စပနဒီ ၃ မှာလည်း လိုင်စင်သက်တမ်း ကုန်ဆုံးနေတာကြောင့် လွန်ခဲ့တဲ့ မတ်လကစပြီး ယာယီရပ်တန့်ထားရလို့ ခရီးသွားတွေ အခက်အခဲကြုံနေရတာပါ။

ကစ္စပနဒီ ၃ သင်္ဘောကို မေလ ၁၃ ရက်နေ့မှာ ပြန်လည်ပြေးဆွဲသွားဖို့ လုပ်ဆောင်နေတယ်လို့ စစ်တွေမြို့ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းလောက်က မင်းပြားမြို့နယ် ရာမောင် တံတားဇက်ကူးခွင့်ကို ၁ ပတ်ကြာဖြတ်သန်းခွင့်မပြုခဲ့သလို အမ်းမြို့နယ် ရန်ကုန်- စစ်တွေကားလမ်းမမှာ ကားအစီးအရေ ရာနဲ့ချီ ပိတ်မိနေခဲ့ပါတယ်။ 

နောင်နောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013