DVB Logo
Home
မြန်မာသတင်း
အင်းစိန်မြို့နယ်က အသက် ၈၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးတွင် COVID-19 ပိုးတွေ့ရှိ
DVB
·
May 8, 2020
အင်းစိန်မြို့နယ်က အသက် ၈၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးတွင် COVID-19 ပိုးတွေ့ရှိ
Donate to DVB

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ COVID-19 အတည်ပြုလူနာသစ် ၁ ဦး ထပ်မံစစ်ဆေး တွေ့ရှိတယ်လို့ မေလ ၈ ရက် ည ၁၀ နာရီမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

   အဆိုပါလူနာသစ်ဟာ အသက် ၈၄ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး အတည်ပြုလူနာ အမှတ် ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၄ နဲ့ ၁၆၂ တို့နဲ့ ထိတွေ့မှုရှိခဲ့ပြီး အင်းစိန်ဆေးရုံကြီးမှာ အသွားလာ ကန့်သတ် စောင့်ကြည့်ခံထားရသူဖြစ်ပါတယ်။ 

ဒီကနေ့ ညပိုင်းမှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၁၆၃) ခုကို စစ်ဆေးပြီးစီးခဲ့ရာမှာ  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁ ဦးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

ဒီကနေ့ COVID-19 ဓာတ်ခွဲစစ်ဆေးမှုအနေနဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ ၂၅၆ ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၉၃ ခုနဲ့ အမှတ် (၂) တပ်မတော် ဆေးရုံကြီး ခုတင် (၁,၀၀၀) နေပြည်တော်၊ ဓာတ်ခွဲဌာနမှ ဓာတ်ခွဲနမူနာ ၂၃၃ ခု၊ စုစုပေါင်း ၅၈၂ ခု ကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မေလ ၈ ရက် ည ၁၀ နာရီအထိ  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁၇၇ ဦး၊ သေဆုံးသူ ၆ ဦး  ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၆၇ ဦး၊ ဆေးရုံကဆင်းခွင့်ပြုခဲ့သူ  ၄၃ ဦး ရှိပါတယ်။

ဓာတ်ပုံ- MOHS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013