DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် အခက်အခဲကြုံနေသည့်  မြန်မာနိုင်ငံသား ၉၃  ဦးကို လေကြောင်းဖြင့် ပြန်ခေါ်ယူ 
DVB
·
May 8, 2020
မလေးရှားတွင် အခက်အခဲကြုံနေသည့်  မြန်မာနိုင်ငံသား ၉၃  ဦးကို လေကြောင်းဖြင့် ပြန်ခေါ်ယူ 
Donate to DVB

COVID-19 ကပ်ဘေးကာလ မလေးရှားနိုင်ငံမှာ  မြန်မာနိုင်ငံသို့ပြန်လာဖို့  အခက်အခဲဖြစ်နေကြတဲ့ မြန်မာနိုင်ငံသား ၉၃ ဦးကို  (Myanmar Airways International-MAI) ကယ်ဆယ်ရေး လေယာဉ်နဲ့ အစိုးရက  ပြန်လည်ခေါ်ဆောင်ခဲ့ရာမှာ ဒီကနေ့ ညနေ ၄ နာရီက ရန်ကုန် ပြန်လည်ရောက်ရှိလာတယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင်ကိုရီးယားရောက် မြန်မာနိုင်ငံသား ၁၀၄ ဦး၊  အင်ဒိုနီးရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတို့မှ မြန်မာနိုင်ငံသား ၁၆ ဦး စုစုပေါင်း  ၁၂၀ ဦးတို့ကိုလည်း  အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကတဆင့် MAI လေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ည ၈ နာရီမှာ ရန်ကုန် လေဆိပ်ကို ရောက်ရှိလာတယ်လို့ဆိုပါတယ်။

နိုင်ငံတကာ ခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် ပြည်ပနိုင်ငံ အသီးသီးမှာ ပိတ်မိပြီး အခက်အခဲကြုံတွေ့နေရတဲ့  မြန်မာနိုင်ငံသားတွေကို  မြန်မာအစိုးရက  လေယာဉ်နဲ့ ပြန်ခေါ်နေရာမှာ ဒီကနေ့အထိ မြန်မာနိုင်ငံသား ၆၀၈ ဦး ပြန်လည် ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။

နေရပ်ပြန်ရောက်လာသူတွေကို သီးခြားသတ်မှတ်နေရာတွေနဲ့ သတ်မှတ်ဟိုတယ်တွေမှာ ၂၁ ရက် quarantine အသွားအလာကန့်သတ်စောင့်ကြည့်ထားမှာဖြစ်ပါတယ်။

လာမယ့်မေလ ၉ ရက်နေ့မှာလည်း စင်ကာပူနိုင်ငံမှာ  အခက်အခဲကြုံတွေ့နေကြတဲ့ မြန်မာ နိုင်ငံသား ၁၄၆ ဦးလောက်  ဒုတိယအသုတ်အဖြစ် ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ- MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013