DVB Logo
Home
မြန်မာသတင်း
အင်းစိန်မြို့နယ်တွင်  ညမထွက်ရအမိန့်မလိုက်နာသူ ၄ ဦး အရေးယူခံရ 
DVB
·
May 8, 2020
အင်းစိန်မြို့နယ်တွင်  ညမထွက်ရအမိန့်မလိုက်နာသူ ၄ ဦး အရေးယူခံရ 
Donate to DVB

COVID-19 လူနာအများဆုံးတွေ့ရှိထားတဲ့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ ညမထွက်ရအမိန့် မလိုက်နာလို့ အရေးယူထားသူ  ၄ ယောက်ရှိပြီလို့ အင်းစိန်မြို့မရဲစခန်းမှူးဒုရဲမှူး တင်လှက ဒီဗွီဘီကို ပြောပါတယ်။

အင်းစိန်မြို့နယ်အပါအဝင် ရန်ကုန်မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို သတ်မှတ်ထားရာမှာ ၁၀ နာရီနောက်ပိုင်း အပြင်ထွက်တဲ့သူတွေကို ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့စဉ်  မေလ ၃ ရက်ညမှ  မေလ ၇ ရက်အထိ ကာလအတွင်း အမျိုးသား ၄ ယောက်ကို အရေးယူလိုက်တာဖြစ်ပါတယ်။

သူတို့ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်လိုက်တာဖြစ်ပြီး တရားရုံးတင် စစ်ဆေးခဲ့ကြောင်း ဒီအထဲက သုံးယောက်ကိုတော့ ထောင်ဒဏ် ၁ လစီ  တရားရုံးက အမိန့်ချမှတ်ခဲ့ပြီး၊ ကျန် တစ်ယောက်ကတော့ ရုံးတင်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ညမထွက်ရအမိန့်ကို အားလုံးကလိုက်နာရတာကြောင့် ကိုယ့်အိမ်ထဲမှာနေထိုင်ဖို့နဲ့ ဒါဟာ COVID-19 ရောဂါ ကာကွယ်ဖို့  အားလုံးစောင့်ထိန်းရမှာဖြစ်ကြောင်း၊ မလိုက်နာတဲ့သူတွေကို ပြစ်ဒဏ်ချအရေးယူရတာဟာ သူတို့အတွက်လည်း နစ်နာစေကြောင်း၊ ဒါ့ကြောင့်ညမထွက်ရ အမိန့်ကို လိုက်နာစေချင်ကြောင်း အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးတင်လှက ပြောပါတယ်။

ရန်ကုန်မှာ ဧပြီ ၁၈ ရက်က စတင်ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်ကို ဧပြီ ၂၃ ရက်ကထုတ်ပြန်တဲ့ ညမထွက်ရ အမိန့်စာနဲ့ လွှမ်းမိုးပယ်ဖျက်ပြီးတဲ့နောက် ဧပြီ ၂၃ ရက်ထုတ်ပြန်တဲ့နေ့ကစပြီး  နှစ်လကြာ အသက်ဝင်မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013