DVB Logo
Home
မြန်မာသတင်း
အစိုးရတင်ပြထားသည့် ဘတ်ဂျက်လျာထားချက် ကယားပြည်နယ်လွှတ်တော် အတည်ပြု
DVB
·
May 8, 2020
အစိုးရတင်ပြထားသည့် ဘတ်ဂျက်လျာထားချက် ကယားပြည်နယ်လွှတ်တော် အတည်ပြု
Donate to DVB

ကယားပြည်နယ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်မှာ ပါဝင်တဲ့ ဌာန၊ အဖွဲ့အစည်းတွေရဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် အရသုံးခန့်မှန်းခြေငွေစာရင်းလျာထားချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်နယ်လွတ်တော်မှာ အတည်ပြုပေးလိုက်ပါတယ်။

အဆိုပါဘတ်ဂျက်လျာထားချက်နဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ တင်ပြချက်အပေါ် ဒီကနေ့ ပြန်လည်ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်မရှိတဲ့အတွက် လွှတ်တော်က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တဦးမှ ပြန်လည်ဆွေးနွေးခြင်းမရှိတာနဲ့ပတ်သက်ပြီး ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က “ ဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့မှ  ပြည်သူ့ငွေစာရင်း စောင့်ကြည့်ရေးကော်မီတီကနေပြီးတော့မှ စစ်ဆေးပြီးတာလည်း ဖြစ်တာပေါ့နော်။ မနေ့က ဘဏ္ဍာရေးဝန်ကြီး ကနေပြီးတော့မှ တင်သွင်းလာတဲ့ အစီရင်ခံစာကို အဲဒါကို  ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ သိပ်ပြီးတော့မှ ပြောစရာမရှိဘူးလို့ ကျနော်တို့က အဲလို ပြောလို့ရတာပေါ့နော်။ ” လို့ပြောပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးတင်ပြထားတဲ့ ရန်ပုံငွေမှာ ဗဟိုအဖွဲ့အစည်း ၅ ဖွဲ့၊ ဦးစီးဌာန ၁၈ ခုနဲ့ စည်ပင်သာယာရေးအဖွဲ့၁ ဖွဲ့ စုစုပေါင်း အဖွဲ့အစည်း ၂၄ ဖွဲ့က ရေးဆွဲတင်ပြထားတာဖြစ်ပါတယ်။

အဖွဲ့အစည်းတွေက တင်ပြတောင်းခံလာတဲ့ရသုံးခန်းမှန်းငွေစာရင်းမှာ အသုံးစရိတ်ကျပ် ၈၈ ဒသမ ၉၃ ဘီလီယံ  ဖြစ်ပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှာ ပါဝင်တဲ့ ဌာန အဖွဲ့အစည်း ၇ ခုမှ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ရသုံးခန့်မှန်း ခြေငွေစာရင်းနဲ့ သုံးစွဲဖို့ ကျပ် ၂၁ ဒသမ ၇၅၇ ဘီလီယံ ပါဝင်ပါတယ်။

ပြည်နယ်အစိုးရရဲ့ တင်ပြထားတဲ့ ဘဏ္ဍာငွေအရသုံးစာရင်းနဲ့ပတ်သက်ပြီး  ပြည်သူ့ငွေစာရင်း စောင်ကြည့် စစ်ဆေးရေးအဖွဲ့က  ဒေသဘတ်ဂျက်မှာ ဌာနအဖွဲ့အစည်း ၂၄ ဖွဲ့ထဲက  အစိုးရအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ အားကားနှင့်ကာယပညာ ဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊  ကျေးလက်လမ်းဦးစီးဌာနနဲ့ စည်ပင်သာယာရေးအဖွဲ့တွေမှာ အသုံးစရိတ်များနေတာကို တွေ့ရှိရတယ်လို့ ပြည်သူ့ငွေစာရင်းက ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013