DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့ခံ သတင်းထောက် ၂၂ ယောက်ကို အခြေခံစားသောက်ကုန်များ အိမ်အရောက်ဝေငှပေး
DVB
·
May 8, 2020
မုံရွာမြို့ခံ သတင်းထောက် ၂၂ ယောက်ကို အခြေခံစားသောက်ကုန်များ အိမ်အရောက်ဝေငှပေး
Donate to DVB

မုံရွာမြို့ပေါ်ရှိ သတင်းထောက် ၂၂ ယောက်ကို စစ်ကိုင်းတိုင်းဒေသကြီး သတင်းသမားများကွန်ရက်ကနေ ဦးဆောင်ကာ မေလ ၈ ရက်က အခြေခံစားသောက်ကုန်တွေ အိမ်အရောက်သွားရောက်ကာ ပထမဆုံးအကြိမ် ဝေငှခဲ့ပါတယ်။

COVID-19 ကပ်ဘေးနဲ့ကြုံနေရတဲ့ လက်ရှိကာလမှာ တခြားသူတွေနည်းတူ သတင်းထောက်တွေနဲ့ သူတို့ရဲ့ မိသားစုတွေလည်း စားဝတ်နေရေးအခက်အခဲကြုံတွေ့ရတာတွေ ရှိနေတဲ့အတွက် အခုလို ဝေငှတာဖြစ်ပါတယ်။

အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန် ၈ ပြည်၊ ဆီ ၁ ပိဿာ၊ ဆား၊ ကြက်သွန်၊ အသားတု၊ ငါးသေတ္တာတွေအပြင် ကိုဗစ်ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းတချို့နဲ့ ဖုန်းဘေလ်အတွက် ငွေကျပ် ၅၀၀၀ ဆီကို စစ်ကိုင်းတိုင်းဒေသကြီး သတင်းသမားများကွန်ရက် (Sagaing Region Journalist Network-SRJN)နဲ့ Save Monywa၊ မုံရွာအိမ်ခြံမြေအဖွဲ့တို့ ပူးပေါင်းကာ ပေးဝေခဲ့တာလည်းဖြစ်ပါတယ်။

အခုလိုပေးဝေတာက သတင်းသမားအချင်းချင်း ပိုပြီး စည်းလုံးညီညွတ်မှုတွေ ဖြစ်ပေါ်စေသလို၊ အခက်အခဲတွေကြုံတွေ့လာရင် မိသားစုလို ဝိုင်းဝန်းဖြေရှင်းတတ်တဲ့ အလေ့အကျင့်တွေလည်း ဖြစ်ပေါ်စေတဲ့အတွက် ကူညီပေးသူတွေကို ကျေးဇူးတင် ဝမ်းသာမိတယ်လို့လည်း မုံရွာအခြေစိုက် အလဲဗင်းသတင်းထောက် ကိုကောင်းခန့်လင်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး သတင်းသမားများကွန်ရက်ကနေ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း COVID-19 ရောဂါကာကွယ်ရေးအတွက် သတင်းလိုက်ရာမှာ အသုံးပြုနိုင်ဖို့ PPE ဝတ်စုံ၊ N-95 Mask၊ Hand gel စတာတွေကိုလည်း ပေးဝေခဲ့ပါသေးတယ်။

 စစ်ကိုင်းတိုင်းဒေသကြီး သတင်းသမားများကွန်ရက်အနေနဲ့ မုံရွာမြို့တင်မက တိုင်းအတွင်း တခြားဒေသကသတင်းထောက်တွေ ကျန်းမာရေးမကောင်းလို့ ဆေးကုသမှုခံယူရပါကလည်း  ငွေကြေးကူညီထောက်ပံ့ပေးတာရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013