DVB Logo
Home
မြန်မာသတင်း
မယ်ဆိုင်တွင် အရက်ဝိုင်းဖွဲ့သောက်နေသည့်  မြန်မာ ၁၂ ဦးကို ထိုင်းရဲဖမ်းဆီး
DVB
·
May 8, 2020
မယ်ဆိုင်တွင် အရက်ဝိုင်းဖွဲ့သောက်နေသည့်  မြန်မာ ၁၂ ဦးကို ထိုင်းရဲဖမ်းဆီး
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ထဲမှာ COVID-19 ကပ်ဘေးကာလ အရေးပေါ်စည်းကမ်းထုတ်ပြန်ထားတာကို မလိုက်နာပဲ  အရက်ဝိုင်းဖွဲ့သောက်နေတဲ့ တရားမဝင်မြန်မာအလုပ်သမား ၁၂ ဦး ဖမ်းဆီးခံရတယ်လို့ Chiangraifocus ဒေသတွင်း သတင်းမှာဖော်ပြပါတယ်။ 

မေလ ၆ ရက် ညနေပိုင်းက မယ်ဆိုင်မြို့ ရပ်ကွက် ၁ ရှိ မိုင်ဒဲန်ဈေးနားမှာ လူတစ်စု အသံဆူဆူညံနဲ့ အရက်ဝိုင်းထောင်ပြီး သောက်စားပျော်ပါးနေကြောင်း ရပ်ကွက်နေပြည်သူတို့ရဲ့ သတင်းပေးချက်အရ နယ်မြေခံရဲတပ်ဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့  မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးရုံးတာဝန်ရှိသူက ပြောပါတယ်။ 

တာဝန်ရှိသူတွေ ရောက်သွားချိန်မှာ မိုင်ဒဲန်ဈေးရှေ့ ပိတ်ထားတဲ့ဈေးဆိုင်တစ်ခုမှာ ဝိုင်းဖွဲ့ထိုင်ပြီး ဆူညံစွာ အရက်သောက်ပျော်ပါးနေတဲ့ အသက် ၃၀ နဲ့ ၅၀ ကြားရှိ လူ ၁၀ ယောက်ကျော်တွေ့ရကြောင်း ၊ စစ်ဆေးမေးမြန်းရာမှာ သူတို့ဟာ မြန်မာနိုင်ငံကနေ အလုပ်လာလုပ်ကြတာဖြစ်ပြီး ထိုင်းနိုင်ငံက ထုတ်ပြန်ထားတဲ့ COVID-19 ကာလ လူစု လူဝေးမနေရဆိုတဲ့ အရေးပေါ်ဥပဒေထုတ်ပြန်ချက်ကိုမသိဘဲ ဝိုင်းဖွဲ့သောက်စားနေတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက အရေးပေါ်စည်းကမ်းချက်အကြောင်း ပြောပြခဲ့သလို  ကျန်းမာရေးစစ်ဆေးဖို့နဲ့ လိုအပ်သလိုအရေးယူဖို့ စုစုပေါင်း အမျိုးသား ၁၂ ဦးကို လူစုခွဲပြီး ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ 

ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွေ ပိတ်ထားပါလျက်နဲ့ သူတို့ဟာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး အလုပ်လာလုပ်တာကို စစ်ဆေးတွေ့ရှိရလို့ တရားမဝင်ဝင်ရောက်နေထိုင်မှု၊ အရေးပေါ်ဥပဒေချိုးဖောက်မှု၊ လူစုလူဝေးနဲ့အရက်ဝိုင်းထောင်မှုအပြင် ပတ်ဝန်းကျင်အား ဆူညံစွာ အနှောင့်အယှက်ပေးမှုတွေနဲ့ အရေးယူခံမယ်လို့  မယ်ဆိုင်မြို့နယ်တာဝန်ရှိသူက ပြောပါတယ်။ 

ကိုးကား- Chiangraifocus 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013