DVB Logo
Home
မြန်မာသတင်း
အင်းစိန်မြို့နယ် ပို့တွေ့လူနာအမှတ် ၁၅၁ မှတဆင့် ဆင့်ပွားကူးစက်သူ ၁၈ ဦးအထိ ရှိလာ
DVB
·
May 8, 2020
အင်းစိန်မြို့နယ် ပို့တွေ့လူနာအမှတ် ၁၅၁ မှတဆင့် ဆင့်ပွားကူးစက်သူ ၁၈ ဦးအထိ ရှိလာ
Donate to DVB

အင်းစိန်မြို့နယ်မှာ ပိုးတွေ့လူနာအမှတ် ၁၅၁ မှတဆင့် ဆင့်ပွားကူးစက်လာသူ  ၁၈ ဦးအထိ ရှိလာပြီလို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က‌ပြောပါတယ်။

မနေ့ည ၈ နာရီ ကျန်းမာရေးနဲ့ အားကစားဝန် ကြီးဌာနထုတ်ပြန်ချက်ထဲမှာ ပိုးတွေ့လူနာ ၁၄ ဦးရှိပြီး အဲဒီထဲက အင်းစိန်နေသူ ၁၂ ဦးပါဝင်လာတာ‌ကြောင့် ခဝဲခြံ ၂ လမ်းမှာ လတ်တလောအထိ ကူးစက်လူနာမှာ ၁၈ ဦးအထိရှိလာ‌တာလို့ ဆိုပါတယ်။

ခဝဲ ခြံ ၂ လမ်းမှာ ပိုးတွေ့အတည်ပြုလူနာအမှတ် ၁၅၁ ကို ဧပြီ ၃၀ ရက်နေ့မှာ စတင်တွေ့ရှိ ပြီးနောက် မေ ၃ ရက်နေ့မှာ လူနာအမှတ် ၁၅၂၊ ၁၅၃၊ ၁၅၄ စတဲ့ ၃ ဦး ဆက်လက်တွေ့ရှိပြီး မေလ ၄ ရက်နေ့မှာ လူနာအမှတ် ၁၅၇၊ မေ ၇ ရက်နေ့ မနက်ပိုင်းမှာ လူနာအမှတ် ၁၆၂၊ မေ ၇ ရက်နေ့ ညပိုင်းမှာ လူနာအမှတ် ၁၆၅ ကနေ လူနာအမှတ် ၁၇၆ အထိ  ၁၂ ဦးအထိ ဆက်လက်ကူးစက်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ လက်ရှိ ပိုးတွေ့အတည်ပြုလူနာ ၁၃၉ ဦးအထိ ရှိလာပြီး၊ အဲဒီထဲက အင်းစိန်မြို့နယ်မှာ ၄၂ ဦးထိ ရှိလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

တလမ်းတည်းမှာ ရောဂါပိုးကူးစက်ခံရသူ ၁၈ ဦးအထိရှိလာပြီဖြစ်တဲ့ အင်းစိန်မြို့နယ်က ခဝဲခြံ ၂ လမ်းကို Lock Down လုံခြုံရေးတိုးမြှင့်ချထားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မေလ ၇ ရက်နေ့အထိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁၇၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ပိုးကင်းစင်လာသူ ၆၂ ဦး၊ အဲဒီထဲ ၃၇ ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက်ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုနေပါတယ်။

ညီငယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013