DVB Logo
Home
မြန်မာသတင်း
ကသာခရိုင်တွင် မိုးသက်လေပြင်းကြောင့် နေအိမ် ၃၀၀ ကျော် အမိုးလန်ပျက်စီး
DVB
·
May 7, 2020
ကသာခရိုင်တွင် မိုးသက်လေပြင်းကြောင့် နေအိမ် ၃၀၀ ကျော် အမိုးလန်ပျက်စီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာခရိုင်မှာ မေ ၇ ရက်နေ့က မိုးသက်လေပြင်းကျရောက်တာကြောင့် လူန်အိမ်အလုံး ၃၀၀ အမိုးလန် ပျက်စီးခဲ့တယ်လို့ ကသာခရိုင်အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

မိုးသက်လေပြင်းကြောင့် ကသာမြို့မှာ လူနေအိမ် ၁၉၈ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ သာသနိကအဆောက်အဦ ၁ လုံး၊ ထီးချိုင့်မြို့နယ်မှာ လူနေအိမ် ၂၇ လုံး အခြား အဆောက်အဦ ၃ လုံး၊ အင်းတော်မြို့နယ်မှာ လူနေအိမ် ၅၁ လုံး၊ စာသင်ကျောင်း ၄ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဌာနဆိုင်ရာရုံး ၁ လုံး၊ ဗန်းမောက်မြို့နယ်မှာ လူနေအိမ် ၉ လုံး၊ ဌာနဆိုင်ရာရုံး ၁ လုံး၊ ကောလင်းမြို့နယ်မှာ လူနေအိမ်အလုံး ၂၀ ၊ ဝန်းသိုမြို့နယ်မှာ လူနေအိမ် ၁၁ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ပင်လည်ဘူးမြို့နယ်မှာ လူနေအိမ် ၈ လုံး အမိုးလန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကသာခရိုင်ခရိုင်အတွင်း မေလ ၆ ရက်နေ့ကလည်း လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၃၂၄ လုံး၊ စာသင်ကျောင်း ၄ ကျောင်း၊ ဘုန်းကြီးကျောင်း ၆ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦ ၅ လုံး၊ အခြားအဆောက်အဦ ၃ လုံး အမိုးလန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကိုကိုလင်း (အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013