DVB Logo
Home
မြန်မာသတင်း
လွှတ်တော်အမတ်များကို  COVID-19 ရောဂါရှိမရှိ စစ်ဆေးမည်  
DVB
·
May 7, 2020
လွှတ်တော်အမတ်များကို  COVID-19 ရောဂါရှိမရှိ စစ်ဆေးမည်  
Donate to DVB

လာမယ့် မေလ ၁၈ ရက်မှာ ပြန်လည်ခေါ်ယူကျင်းပမယ့် ပြည်သူ့/ အမျိုးသား/ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွေမှာ တက်ရောက်မယ့် ကိုယ်စားလှယ် အားလုံးဟာ COVID-19 ရှိမရှိ စစ်ဆေးခံရမှာဖြစ်သလို quarantine တစ်ပတ် ဝင်ရမယ်လို့လည်း သိပါရတယ်။

လွှတ်တော်အစည်းအဝေးအတွက်  နေပြည်တော်ကို  မေလ ၉ ရက်နေ့ထက် မစော ၁၀ ရက်နေ့ထက် နောက်မကျပဲ လွှတ်တော်ကို သတင်းပို့ရမှာဖြစ်ပြီး မိသားစုတွေအဖော်တွေလည်း ခေါ်လာလို့မရပါဘူး။

ကိုယ်စားလှယ်တွေရောက်ကြောင်း သတင်းပို့ပြီးတာနဲ့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက  Swab နမူနာရယူပြီး COVID-19 ရောဂါ ကူးစက်ခံရမှုရှိမရှိ  ဓာတ်ခွဲဆေးစစ်မှာဖြစ်ပါတယ်။ 

ကိုယ်စားလှယ်တွေအနေနဲ့ မိမိနေထိုင်ရာနေရာကနေ လွှတ်တော်ကလွဲပြီး တခြားသွားလာခြင်းမလုပ်ဖို့ကိုလည်း စည်းကမ်း ထုတ်ပြန်ထားပါတယ်။ 

လွှတ်တော်ကျင်းပရက် ၉ ရက်လောက်အတွင်းမှာတော့ ဘက်ဂျက်အသုံးစရိတ်ကိစ္စ အတည်ပြုဖို့ ဆွေးနွေးဆောင်ရွက်ကြမှာဖြစ်ပြီး ကိုယ်စားလှယ်တွေအနေနဲ့ နေပြည်တော် ရောက်မှ ခွင့်တိုင်တာမျိုးမလုပ်ဖို့နဲ့ ကျန်းမာရေးအရ အသက်အရွယ်အရ မလာဖြစ်ပါက ခွင့်အဖြစ် သတ်မှတ်မယ်လို့  သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013