DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင်  Mask တပ်သည့် အလေ့အထရှိစေရန် ပညာပေးကမ်ပိန်းပြုလုပ်
DVB
·
May 7, 2020
ရှမ်းပြည်နယ်တွင်  Mask တပ်သည့် အလေ့အထရှိစေရန် ပညာပေးကမ်ပိန်းပြုလုပ်
Donate to DVB

COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask တပ်တဲ့အလေ့အထရှိဖို့ လူထုအသိပညာပေးကမ်ပိန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး ရှမ်းပြည်နယ် တောင်ပိုင်းတခုမှာ  ဒီကနေ့ တချိန်တည်း  ပြုလုပ်နေပါတယ်။

အစိုးရအနေနဲ့ Mask တွေကို တစ်ခါလောက်သာ အခမဲ့ဝေပေးနိုင်တာ ဖြစ်တဲ့အတွက် ပြည်သူတွေ ကျန်းမာရေး အသိရှိဖို့ အဓိက ပညာပေးအနေနဲ့လုပ်ဆောင်တာဖြစ်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောပါတယ်။

Mask ကမ်ပိန်းကို တောင်ကြီးမြို့မှာတော့ အဓိက လူများတဲ့ ယာယီစျေးတွေမှာ ပြုလုပ်ခဲ့ပါတယ်။

လူတွေဟာများသောအားဖြင့်  ရောဂါကာကွယ်ဖို့ Mask ကိုတပ်ဆင်တာထက် လူကြီးတွေ ဌာနဆိုင်ရာတွေကို ကြောက်လို့တပ်တာ ပိုများတယ်လို့  ကမ္ဘောဇ စာကြည့်တိုက်က မမေနှင်းကျော်က ပြောပါတယ်။

ရှမ်းပြည်နယ် အစိုးရအနေနဲ့ ကမ်ပိန်းမှာ နှာခေါင်းစည်း Mask တွေ၊ လက်ဆေး  hand gel တွေနဲ့ အသိပညာလက်ကမ်းစာစောင် စတာတွေကို အခမဲ့ဖြန်ဝေပေးပါတယ်။

စျေးဝယ်သူတွေကို တစ်အိမ်မှာ တစ်ယောက်ပဲထွက်စေပြီး စောစောဝယ်စောစောပြန်ပြီး ဒီကပ်ရောဂါဟာ ပေါ့ဆပါက လူအများအပြားအသက်ဆုံးရှုံးနိုင်တဲ့အတွက်  social distancing ကို လိုက်နာပေးဖို့လည် အစိုးရကနှိုးဆော်ထားပါတယ်။

တောင်ကြီးမြို့မှာ အခုရက်ပိုင်းအတွင်း  မြို့ပေါ်ကလူတွေ အိမ်အပြင်ပြန်ထွက်နေကြလို့  စည်ကားလာသလို စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်စားသောက်နေသူတွေလည်း ပိုများ လာပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013