DVB Logo
Home
မြန်မာသတင်း
အဆိုတော် မျိုးကြီး Negative နှစ်ကြိမ်ပြ ၊ သုံးပတ်Quarantine ဆက်ဝင်ရမည် 
DVB
·
May 6, 2020
အဆိုတော် မျိုးကြီး Negative နှစ်ကြိမ်ပြ ၊ သုံးပတ်Quarantine ဆက်ဝင်ရမည် 
Donate to DVB

Iron Cross တေးဂီတအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် မျိုးကြီးဟာ COVID-19 ကူးစက်ခံရမှုရှိ မရှိသိရအောင် ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ရာမှာ   ပြီးခဲ့တဲ့တခေါက်က Negative တစ်ကြိမ်ပြပြီး အခုရက်ပိုင်း Negative တစ်ကြိမ်ထပ်ပြခဲ့လို့ ရောဂါမတွေ့ရှိဘူးလို့   ဝေဘာဂီ အထူးကုဆေးရုံအုပ်ကြီး ဒေါက်တာ အေးအေးအောင်က ဒီဗွီဘီကိုပြောပါတယ်။

အဆိုတော် မျိုးကြီးမှာ နှစ်ကြိမ်ဆက်တိုက် ရောဂါမတွေ့ရှိရပေမယ့် နောက်ထပ် သုံးပတ်ကြာ Quarantine ဆက်ဝင်ရမှာဖြစ်တယ်လို့လည်း ဆေးရုံအုပ်ကြီးက ပြောပါတယ်။ 

အဆိုတော် မျိုးကြီးအနေနဲ့  အခုရက်ပိုင်းမှာ   Hotel Quarantine ၁၄ ရက် ၊ Home Quarantine ၇ ရက် စုစုပေါင်း ၂၁ ရက် ဆက်လက်ဝင်ရမှာဖြစ်ပါတယ်။

ဝေဘာဂီဆေးရုံကြီးမှာ  ဆေးရုံဆင်းခွင့်ရသူ ၂၅ ယောက်ရှိပြီဖြစ်ပြီး၊  ဒီအထဲက  ၃ ယောက်ဟာ ဆေးရုံက ဆင်းသွားပြီဖြစ်ပါတယ်။

Photo Credit- Myo Gyi Facebook

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013