DVB Logo
Home
မြန်မာသတင်း
ချန်းရိစက်ရုံစကားပြန် COVID-19 လူနာအမှတ် ၁၄၄ ပထမအကြိမ်စစ်ဆေးမှု ရောဂါပိုးမတွေ့ 
DVB
·
May 6, 2020
ချန်းရိစက်ရုံစကားပြန် COVID-19 လူနာအမှတ် ၁၄၄ ပထမအကြိမ်စစ်ဆေးမှု ရောဂါပိုးမတွေ့ 
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့က COVID-19 လူနာအမှတ် ၁၄၄ ဟာ မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံယူနေရာမှာ ဓာတ်ခွဲစစ်ဆေးအတည်ပြုချက်အရ ပထမအကြိမ် COVID-19 ရောဂါပိုး မတွေ့ရှိဘူးလို့ မေ ၅ ရက်မှာ မိုးညှင်းဆေးရုံမှ ဒေါက်တာဖြူလေးဝေက ပြောပါတယ်။

ဒေါက်တာဖြူလေးဝေရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ  “မိုးညှင်း ၈ ယောက်၊ အားလုံး negative ပါ” လို့ ရေးသားဖော်ပြထားပါတယ်။

အသက် ၂၄ နှစ်အရွယ် လူနာအမှတ် ၁၄၄ ဟာ ရန်ကုန် လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန်ရှိ ချန်းရိဖိနပ်စက်ရုံမှာ စကားပြန် တာဝန်ယူထားတဲ့ ဝန်ထမ်းတဦး ဖြစ်ပါတယ်။

သူ့ကို ဧပြီ ၂၄ က ဓာတ်ခွဲစစ်ဆေးရာ Positive ဖြစ်ခဲ့တဲ့အတွက် ဧပြီ ၂၅ ရက်မှာ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေတာပါ။

သူနဲ့အတူ ပုညရှင် စက္ခုပါလ မျက်စိအခမဲ့ကုဆေးရုံရဲ့ Facility Quarantine စင်တာမှာ တခန်းတည်း အတူနေခဲ့တဲ့ အခန်းဖော် ၆ ဦးနဲ့  သူ့ကိုမြစ်ကြီးနားဆေးရုံကို ပို့ဆောင်ပေးခဲ့တဲ့ ခရိုင်ကျန်းမာရေးဌာနက ဝန်ထမ်း ယာဉ်မောင်း ၁ ဦး၊ အာခေါင်တို့ဖတ်ခြစ်ပေးခဲ့သူ ဓာတ်ခွဲဝန်ထမ်းတဦး စုစုပေါင်း ၈ ဦးတို့ကို ပထမအကြိမ်  စစ်ဆေးရာမှာ အားလုံး ပိုးမတွေ့ကြောင်း သိရပါတယ်။

သတင်း- ခင်သန်းညွန့် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013