DVB Logo
Home
မြန်မာသတင်း
COVID-19 ရောဂါကူးစက်ခံရသည့် သတင်းထောက်ကို ငွေကျပ်၂ သိန်းထောက်ပံ့မည်
DVB
·
May 5, 2020
COVID-19 ရောဂါကူးစက်ခံရသည့် သတင်းထောက်ကို ငွေကျပ်၂ သိန်းထောက်ပံ့မည်
Donate to DVB

COVID-19 ကပ်ရောဂါကာလအတွင်း မြေပြင်မှာ ကွင်းဆင်းသတင်းရယူရင်း Quarantine ဝင်ရတာနဲ့ ရောဂါကူးစက်ခံရင် ငွေကျပ် ၂ သိန်းထောက်ပံ့မယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ဖြစ်ပွားနေပြီး သတင်းမီဒီယာသမားတွေလည်း ရောဂါနဲ့ဆက်နွှယ်ပြီး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဒါကြောင့် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီအနေနဲ့ သတင်းမီဒီယာသမားတွေအတွက် လိုအပ်တာတွေကို တဖက်တလမ်းက ပံ့ပိုးပေးနိုင်ဖို့ ကိုဗစ်ရန်ပုံငွေအဖြစ် ငွေကျပ်သိန်း ၁၀၀  မတည်ထားတယ်လို့ ဆိုပါတယ်။

ရန်ပုံငွေ ခံစားရမယ့် သတင်းမီဒီယာသမားတွေဟာ သက်ဆိုင်ရာသတင်းမီဒီယာတိုက်က ထောက်ခံစာ၊ ကိုဗစ်ကာလအတွင်း သတင်းရယူသူ ဖြစ်တာ၊ Quarantine ဝင်ရောက်နေတာကို သက်ဆိုင်ရာက အတည်ပြု ထောက်ခံပေးတာတွေရှိရမှာဖြစ်ပြီး၊ ဒီလိုတင်ပြရမယ့်လိုအပ်တဲ့ အချက်အလက် အသေးစိတ်ကို မကြာမီ ထုတ်ပြန်ကြေညာပေးသွားမယ်လို့ ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သတင်းမီဒီယာသမားတွေအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို လာရောက်လှူဒါန်းတဲ့ အလှူပစ္စည်းတွေနဲ့ အလှူငွေရရှိမှုအပေါ်မူတည်ပြီး ဆန်၊ ဆီနဲ့ အခြားကူညီထောက်ပံ့မှုတွေကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာတော့ မိုးညှင်းမြို့က သတင်းထောက်တဦးရဲ့ မိသားစုဝင်တစ်ဦး ပိုးတွေ့လူနာနဲ့ ထိတွေ့ရာကနေ  အဆိုပါသတင်းထောက်တဦးလည်း မိုးညှင်းနေအိမ်မှာဘဲ Home Quarantine ဝင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013