DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် စက်ရုံ၊ အလုပ်ရုံ ၂၀၀ ကျော်ပြန်ဖွင့်လှစ် 
DVB
·
May 5, 2020
မကွေးတိုင်းတွင် စက်ရုံ၊ အလုပ်ရုံ ၂၀၀ ကျော်ပြန်ဖွင့်လှစ် 
Donate to DVB

မကွေးတိုင်းထဲမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ စုစုပေါင်း ၁,၃၀၀ ကျော်ထဲက ၂၀၀ ကျော်ပြန်ဖွင့်နေပြီး ကျန်တဲ့ စက်ရုံတွေကိုလည်း အမြန်ဖွင့်ခွင့်ရရေးလုပ်သွားမယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

COVID-19 ရောဂါကာကွယ်ရေးအတွက် တိုင်းထဲမှာရှိတဲ့ စက်ရုံ ၁,၃၆၈ ရုံကို ပိတ်ထားခဲ့တာဖြစ်ပြီး ဧပြီ ၃၀ ရက်အထိ စက်ရုံ၊ အလုပ်ရုံပေါင်း ၂၁၁ ရုံကို စစ်ဆေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီထဲက သတ်မှတ်စည်းကမ်းတွေနဲ့ ပြည့်စုံတဲ့ ၂၀၂ ရုံကတော့ ပြန်ဖွင့်လှစ် လည်ပတ်နေပြီး တခြားစက်ရုံတွေကိုလည်း မေ ၁၅ ရက်အထိ ဆက်လက်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

မကွေးတိုင်း COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ ဆောင်ရွက်ချက် တွေကို မနေ့က ထုတ်ပြန်လိုက်တာဖြစ်ပြီး ပိုးတွေ့လူနာတွေကို မကွေးတိုင်းပြည်သူ့ဆေးရုံနဲ့ မကွေးတိုင်း သင်ကြားရေးဆေးရုံကြီး ၂ ရုံမှာ ထားမယ်လို့ ဆိုပါတယ်။ 

တခြားဆေးရုံတွေမှာတော့  သံသယလူနာ သီးသန့် Isolation ခန်းနဲ့ ဆေးရုံစောင့်ကြည့် HQ အခန်းတွေ၊ မင်းဘူး၊ ပခုက္ကူ၊ သရက်၊ ရေစကြိုနဲ့ ဂန့်ဂေါမြို့နယ်တို့မှာ အထူးကြပ်မတ်နဲ့ Isolation သီးသန့် လူနာကုတင် ၂ လုံးစီနဲ့ HQ အခန်း ၁ ခန်းစီ၊ ကျန်တဲ့ မြို့နယ်ဆေးရုံတွေမှာတော့ Isolation သီးသန့် ၁ ခန်းစီထားထားတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းအစိုးရအဖွဲ့နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတို့က လှူဒါန်းထားတဲ့  PPE အစုံ ၉,၄၀၀ ထဲက အစုံ ၇,၀၇၅၊ Surgical Mask အခုရေ ၈၂၂,၅၀၀ ထဲက ၇၆၉,၁၅၀ ခု၊ N-95 Mask အခုရေ ၁၀,၄၃၀ ထဲက ၉,၉၈၀ ခု၊  NCT ၈၂၈ ခု၊ E-Gloves အစုံ ၇၀,၀၀၀ နဲ့ Hand Speaker ၃၃၁ ခုတို့ကို မကွေးတိုင်းထဲဆေးရုံ၊ ဆေးခန်းတွေက ကျန်းမာရေးဝန်ထမ်းတွေနဲ့  ပြည်သူတွေကို ထောက်ပံ့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

မကွေးတိုင်းထဲကို မတ် ၂၃ ရက်ကနေ ဧပြီ ၃၀ ရက်အထိ ထိုင်းနဲ့ တရုတ်နိုင်ငံတို့က ပြန်ရောက်လာတဲ့ ရွေ့ပြောင်းလုပ်သားတွေ  Facility Quarantine ဝင်ရသူ စုစုပေါင်း ၂၁,၂၆၉ ယောက်ရှိခဲ့ပြီး လက်ရှိမှာ အယောက် ၆,၀၀၀ လောက် ကျန်နေသေးတယ်လို့ ဆိုပါတယ်။ 

မကွေးတိုင်းထဲက Facility Quarantine Center တွေမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ စေတနာ့ဝန်ထမ်း ၉,၄၂၇ ယောက်ရှိပြီး ဆန္ဒပြုထားတာကတော့ ၆,၈၆၄ ယောက်ရှိတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းက COVID-19 သံသယလူနာတွေရဲ့ နှာခေါင်းတို့ပတ်နမူနာတွေကို ရန်ကုန်မြို့က အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းကို တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့တို့မှာ သွားရောက်ပေးပို့ နေတယ်လို့လည်း ဆိုပါတယ်။

မကွေးတိုင်းထဲက ဆေးရုံတွေမှာ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃ ရက်အထိ COVID-19 စောင့်ကြည့် သံသယလူနာ စုစုပေါင်း ၁၆၁ ယောက်ရှိပြီး ဆေးရုံက ဆင်းရတဲ့ လူနာ အယောက် ၁၂၀၊ တခြားရောဂါတွေနဲ့ သေဆုံးသွားတဲ့ လူနာအယောက် ၂၀ ရှိပြီး သူတို့ရဲ့ တို့ပတ်(SWAT) ကို အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို ပေးပို့စစ်ဆေးခဲ့ရာမှာတော့ အဖြေအားလုံးက ပိုးမတွေ့ဘူးလို့ ဆိုပါတယ်။

မကွေးတိုင်းထဲက COVID-19 အတည်ပြုလူနာ အမှတ် ၅၃ ဟာ ရောဂါပိုးကင်းစင်ပြီဖြစ်တာကြောင့် မေ ၃ ရက်မှာ ဆေးရုံက ဆင်းခွင့်ရခဲ့ပြီး မြို့သစ်မြို့၊ အထက ၁ မှာ Facility Quarantine ၇ ရက်ထားရှိကာ Home Quarantine ၇ ရက် ဆက်လက်ထားရှိစောင့်ကြည့်မယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013