DVB Logo
Home
မြန်မာသတင်း
အင်းစိန် Fever Clinic တွင် ၁ လအတွင်း  လူနာ ၉၀၀ ကျော်ပြ၊ COVID-19 ရှိသူ ၅ ဦးတွေ့
DVB
·
May 5, 2020
အင်းစိန် Fever Clinic တွင် ၁ လအတွင်း  လူနာ ၉၀၀ ကျော်ပြ၊ COVID-19 ရှိသူ ၅ ဦးတွေ့
Donate to DVB

အင်းစိန် Fever Clinic ဆေးခန်းကို တစ်လကျော်ကာလအတွင်း လာရောက်ကုသတဲ့ လူနာအယောက် ၉၀၀ ကျော်မှာ COVID-19  ရောဂါပိုးရှိတဲ့ လူနာ ၅ ယောက်ပါဝင်ခဲ့တယ်လို့ ဆေးခန်းတာဝန်ခံက ပြောပါတယ်။

အင်းစိန် Fever Clinic ဆေးခန်း ကိုတော့ မြို့နယ်ခန်းမမှာ ဧပြီ ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး  မေလ ၅ ရက်နေ့အထိ လာရောက်ပြသတဲ့လူနာ ၉၄၁ ယောက်ရှိခဲ့ပြီး ဖျားနာလို့ လာရောက် ဆေးကုသတဲ့သူက များတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အဲဒီလူနာတွေထဲက အင်းစိန်ဆေးရုံကို ၄၅ ယောက် ပို့ဆောင်ဆေးကုသခဲ့ပြီး ဒီလူနာတွေအထဲကနေ COVID-19 ပိုးတွေ့လူနာ ၅ ဦးပါဝင်ခဲ့တာပါ။ 

ဆေးခန်းမှာတော့ အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ မနက် ၉ နာရီမှ  ၁၁ နာရီအတွင်း ဆရာဝန်ဆရာမ ၄ ဦး ဆေးကုသပေးနေပြီး ကြက်ခြေနီတပ်ဖွဲ့ဝင် ၁ ဦးနဲ့ စေတနာ့ဝန်ထမ်း ၁ ဦးတို့က ကူညီပေးနေတာလည်းဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ အခဲ့မဲ့ဆေးကုသလို့ရတဲ့ Fever Clinic ဆေးခန်းတွေကိုတော့ အင်းစိန်မြို့နယ် အပါအဝင် ဗိုလ်တထောင်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွှန့်စတဲ့ မြို့နယ် ၁၀ မြို့နယ်မှာ ဖွင့်လှစ် ကုသပေးနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013