DVB Logo
Home
မြန်မာသတင်း
တပ်မတော်သားကိုယ်စားလှယ်များနှင့် ရွှေ့ပြောင်းလုပ်သားများကို တပ်မတော်ပိုင်စက်ဖြင့် COVID-19 စစ်ဆေးမည်
DVB
·
May 5, 2020
တပ်မတော်သားကိုယ်စားလှယ်များနှင့် ရွှေ့ပြောင်းလုပ်သားများကို တပ်မတော်ပိုင်စက်ဖြင့် COVID-19 စစ်ဆေးမည်
Donate to DVB

တပ်မတော်သားကိုယ်စားလှယ်တွေ၊ နေပြည်တော်မှာ Quarantine ဝင်နေသူတွေနဲ့ ထိုင်းနိုင်ငံကပြန်လာတဲ့ရွှေ့ပြောင်းလုပ်သားတွေကို COVID-19 ရောဂါပိုးရှိ မရှိ တပ်မတော်မှာရှိတဲ့ COBAS 6800 စက်နှစ်လုံးကို အသုံးပြုပြီး စစ်ဆေးသွားမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

"နေပြည်တော်ရှိ အမှတ်(၂) တပ်မတော်ဆေးရုံကြီးက စက်နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ နေပြည်တော်ကောင်စီနဲ့ထိစပ်နေတဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေက Community Based Facility Quarantine မှာ ထားရှိသူတွေကို စစ်မယ်။”လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန် အမှတ်(၁)တပ်မတော်ဆေးရုံကြီးက စက်နဲ့ ထိုင်းနိုင်ငံက ပြန်လည်ရောက်ရှိလာပြီး ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ ရှိတဲ့ Community Based Facility Quarantine ဝင်ရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို လိုအပ်ပါက စမ်းသပ် စစ်ဆေးဖို့ သတ်မှတ်ထားတယ်လိုလည်း ပြောပါတယ်။

တပ်မတော်မှာ COBAS 6800 စက်နှစ်လုံးပိုင်ဆိုင်ထားတဲ့အကြောင်းကို ပြီးခဲ့တဲ့ ဧပြီလမှာ တပ်မတော်က ထုတ်ဖော်ပြောကြားထားတာလည်းဖြစ်ပါတယ်။

COBAS 6800 စက်တွေဟာ ကမ္ဘာ့ထိပ်တန်းရောဂါရှာဖွေရေးစက်တွေ ထုတ်လုပ်တဲ့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Roche Diagnostics ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး အလိုအလျောက် စနစ်နဲ့  တရက်ကို လူ ၁၄၀၀ ဦးလောက် အမြန်ဆုံး၊ အမှန်ကန်ဆုံး စစ်ဆေးပေးနိုင်မယ်လို့ ဆိုပါတယ်။

မေလ ၄ ရက်နေ့က COVID-19 အတည်ပြုလူနာသစ်  ၆ ဦး ဓာတ်ခွဲစမ်းသပ်တွေ့ရှိခဲ့ရာမှာ နေပြည်တော်အမှတ်(၂) တပ်မတော်ဆေးရုံက အသက် ၃၃ နှစ်အရွယ် စစ်သည်တဦး ပါဝင်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သတင်းစ- ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)၊ ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013