DVB Logo
Home
မြန်မာသတင်း
COVID-19 လူနာမိဘထံက သမီး ၂ ဦး (Case-158 နှင့် Case-159)တို့ ရောဂါ ကူးစက်ခံရ
DVB
·
May 4, 2020
COVID-19 လူနာမိဘထံက သမီး ၂ ဦး (Case-158 နှင့် Case-159)တို့ ရောဂါ ကူးစက်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နေ COVID-19 ပိုးတွေ့ အတည်ပြုလူနာ  မိဘနှစ်ပါးဖြစ်တဲ့ လူနာအမှတ်  Case-101နဲ့ Case-107 တို့နဲ့ ထိတွေ့မှုရှိခဲ့တဲ့  သမီးနှစ်ယောက်ဖြစ်တဲ့  Case-158 နဲ့ Case-159 တို့ ထပ်ပြီး ရောဂါ ကူးစက်ခံရတယ်လို့ သိရပါတယ်။  

မြောက်ဒဂုံမြို့နယ် ၄၀ ရပ်ကွက်၊ ဝန်းသိုလမ်းနေ မိသားစုဝင် ၄ ဦးဟာ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ရာက ရန်ကုန်မြို့ရှိ  Quarantine စင်တာတစ်ခုမှာ မိသားစုလိုက် Quarantine ဝင်ခဲ့ရပြီးနောက်  Quarantine စင်တာမှာ ကျန်နေခဲ့တဲ့ သမီးနှစ်ယောက်လည်း ပိုးထပ်ကူးစက်ခံခဲ့ရတယ်လို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ဒီဗွီဘီကိုပြောပါတယ်။

ဖခင်နဲ့ မိခင် (Case 101၊ Case107)နှစ်ဦးလုံးမှာ ရောဂါတွေ့ရှိတဲ့အကြောင်း ဧပြီလ ၁၉ ရက် မနက်ပိုင်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

မိဘနှစ်ပါးဟာ ဧပြီ ၁၉ ရက်နေ့က ပိုးကူးစက်ခံရပြီးတဲ့နောက် ၁၅ ရက်အကြာ ဒီကနေ့ မေလ ၄ ရက်နေ့မှာတော့ သမီးနှစ်ယောက်ဖြစ်တဲ့ Case-158 နဲ့ Case-159 တို့နှစ်ဦးဟာလည်း ပိုးတွေ့လူနာအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့  ည ၈နာရီက ကြေညာခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ COVID-19 ကပ်ရောဂါ ကာလအတွင်းလုံးဝပေါ့ဆလို့ မဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လူမှုကွန်ရက်ကနေ သတိပေးပြောကြားထားပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေးအရ စစ်ဆေးပြီး ပြန်ဖွင့်ခွင့် ပေးလိုက်တဲ့ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေကြား ရောဂါမပြန့်ပွါးရေးနဲ့ နယ်စပ်ကပြန်လာမယ့် အလုပ်သမားတွေ အကြား ရောဂါ မပြန့်ပွါးရေးတို့ဟာလည်း COVID-19 ကို ထိန်းချုပ်ရေးမှာ  အထူးအလေးထား ရမယ့် ကိစ္စကြီး ၂ ရပ်ဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013