DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်ဆေးရုံတွင် Fever Clinic ဖွင့်လှစ်၊ ဆေးဝါး အခမဲ့ပေးမည်
DVB
·
May 4, 2020
မော်လမြိုင်ဆေးရုံတွင် Fever Clinic ဖွင့်လှစ်၊ ဆေးဝါး အခမဲ့ပေးမည်
Donate to DVB

Fever Clinic လို့ခေါ်တဲ့ ဖျားလူနာတွေအတွက် ဆေးကုခန်းကို မေလ ၄ ရက်နေ့က မော်လမြိုင်ပြည်သူ့ဆေးရုံရဲ့ အရေးပေါ်လူနာ ဌာနအနီးမှာ စတင်ဖွင့်လှစ်လိုက်ပြီး ဆေးဝါးတွေလည်း အခမဲ့ပေးမယ်လို့ သိရပါတယ်။

ဒီ Fever Clinic ဟာ Hospital base Fever Clinic အမျိုးအစား ဖြစ်ပြီး ဖျားနာတာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို အဓိကထားပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးနေတာ ဖြစ်ပါတယ်။

အဲလို ကျန်းမာရေး စောင့်ရှောက်ပေးမှာလည်း လိုအပ်ရင် သွေးစစ်တာနဲ့ ဓာတ်မှန်ရိုက်တဲ့ စစ်ဆေးတာတွေကိုလည်း မော်လမြိုင်ဆေးရုံဘက်က အခမဲ့ ဆောင်ရွက်ပေးနေတာလို့ Fever Clinic သမားတော် ဒေါက်တာ ဇင်မောင်မောင်က ပြောပါတယ်။

ဒီ Fever Clinic ဆေးကုခန်းကိုတော့ မော်လမြိုင် ဆေးရုံဘက်က Volunteer ဆရာဝန် ၁၀ ဦး၊ သူပြုနာ ၅ ဦးအပါအဝင် ဝန်ထမ်း ၃၀ လောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတာပါ။

မော်လမြိုင် Fever Clinic ဆေးကုခန်း လာပြတဲ့သူတွေကို အလှူရှင်တွေနဲ့ ပူးပေါင်းပြီး ဆေးဝါးတွေ အခမဲ့ပေးအပ်နေတယ်လို့ Volunteer ဆရာဝန် ဒေါက်တာ သက်ကျော်စိုးက ပြောပါတယ်။

ဒီဆေးကုခန်းကိုတော့ နေ့စဉ် မနက် ၉ နာရီကနေ ၁၂ နာရီအထိ  ပိတ်ရက်မရှိ ဖွင့်လှစ်သွားဖို့ စီစဉ်ထားပြီး လူနာများလာရင် အချိန်တိုးမြှင့်ဖွင့်လှစ်သွားမယ်လို့ မော်လမြိုင် ပြည်သူ့ဆေးရုံအုပ်ကြီး  ဒေါက်တာ ကျော်မြင့်က ပြောပါတယ်။

အခုလို Hospital base Fever Clinic ဖွင့်လှစ်နိုင်တဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေကို အရင်ထက် ပိုပေးလာနိုင်မယ်လို့ ဆိုပါတယ်။

မော်လမြိုင် Fever Clinic ဆေးကုခန်းကိုတော့ ကိုရိုနာဗိုင်းရပ်စ် Covid 19 ရောဂါ ထိန်းချုပ်နိုင်မှ ပိတ်သိမ်းသွားဖို့ စီစဉ်ထားပါတယ်။ 

သတင်း - ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013