DVB Logo
Home
မြန်မာသတင်း
မန္တလေးခရိုင်တွင် ၃ လကျော်ကာလ fever clinic ၌ လာပြသူများထဲက ၁၇၀ ကျော် ကိုဗစ်ပိုးတွေ့
DVB
·
December 20, 2020
မန္တလေးခရိုင်တွင် ၃ လကျော်ကာလ fever clinic ၌ လာပြသူများထဲက ၁၇၀ ကျော် ကိုဗစ်ပိုးတွေ့
Donate to DVB

မန္တလေးခရိုင်းအတွင်း မြို့နယ်အချို့မှာ ဖွင့်လှစ်ထားတဲ့ fever clinic တွေမှာ ၃ လကျော်ကာလအတွင်း လာပြသူတွေထဲက ၃၅၀ လောက် လွှဲပေးခဲ့ပြီး ၁၇၉ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

fever clinic တွေမှာ စက်တင်ဘာလ ၇ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ဖျားနာသူ ၁၁၀၀ ကျော် လာရောက်ပြသခဲ့တယ်လို့ မန္တလေးတိုင်း Covid 19 response team working committee ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ကျော်က ပြောပါတယ်။

“fever clinic ကို လာပြတာ ၁၁၀၀ လောက် လာပြတယ်။ အဲ့ဒီထဲမှာ ဆေးရုံကြီးကို ၃၅၀ လောက် ကျနော်တို့ လွှဲပြောင်းရတယ်။ အဲ့ဒီတော့ ၂၉ ရာခိုင်နှုန်းလောက် ကျနော်တို့ ဆေးရုံကြီးကို လွှဲရတယ်။ အဲ့ဒီ ၃၅၀ ကနေပြီးတော့မှ ၁၇၉ ယောက် ပေါ့စတစ်ထွက်တယ်။ အဲဒီတော့ ဆေးရုံကြီး လွှဲတဲ့သူရဲ့ ၄၈.၈ ရာခိုင်နှုန်းကတော့ ပေါ့စတစ်ဖြစ်တာကို တွေ့ရတယ်” လို့ ပြောပါတယ်။

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖွင့်လှစ်လိုက်တဲ့ ဒေသန္တရကျန်းမာရေးဌာနမှာ ဖျားနာနေသူတွေအတွက် တစ်ရက်ကို နှစ်ကြိမ် ဆေးခန်းဖွင့်လှစ်ပြီး ဆေးကုသမှု ပေးနေပါတယ်။

မန္တလေးခရိုင်မှာ ကိုဗစ်-၁၉ ကူးစက်မှု ပထမလှိုင်းကာလကတည်းက ချမ်းမြသာစည်၊ အောင်မြေသာစံနဲ့ ပြည်ကြီးတံခွန် မြို့နယ်တွေမှာ (fever clinic) ဒေသန္တရဆေးခန်းတွေကို ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပိုးတွေ့နှုန်း ကျဆင်းသွားတာကြောင့် ပြန်ပိတ်ထားခဲ့တာပါ။ 

စက်တင်ဘာလကစပြီး ပိုးတွေ့နှုန်း ပိုမိုများပြားလာတာကြောင့်  ဒေသန္တရဆေးခန်းတွေကို ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၇ ရက်နေ့မှာ ချမ်းမြသာစည်မြို့နယ်၊ စက်တင်ဘာ ၁၄ ရက်နေ့မှာ အောင်မြေသာစံမြို့နယ်၊ နိုဝင်ဘာ ၃ ရက်နေ့မှာ ချမ်းအေးသာစံ မြို့နယ်နဲ့ ငါးခုမြောက် ဒေသန္တရဆေးခန်းအဖြစ် နိုဝင်ဘာ ၁၈ ရက်နေ့က မဟာအောင်မြေမြို့နယ်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာ ခင်မောင်ကျော်က “ချမ်းမြသာစည်မြို့နယ်နဲ့ အောင်မြေသာစံမှာ မနက်ပိုင်း ၉ နာရီကနေ ၁၁ နာရီထိ ဖွင့်ပါမယ်။ တတိယဖွင့်ခဲ့တဲ့ ချမ်းအေးသာစံမှာ နေ့လယ် ၂ နာရီကနေ ၄ နာရီထိ ဖွင့်ပါမယ်။ ဒီမှာကတော့ ကျနော်တို့ နှစ်ကြိမ်ဖွင့်မယ်။ မနက် ၉ နာရီကနေပြီးတော့ ၁၁ နာရီ၊ ညနေ ၂ နာရီကနေ ၄ နာရီ ဖွင့်ပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြို့နယ်မှာရှိတဲ့ နယ်ခံစေတနာ့ဝန်ထမ်း ဆရာဝန်တွေကလည်း သူတို့ကိုယ်တိုင်ကိုကမှ ဖွင့်ချင်တာပါ၊ ဒါကြောင့် ကျနော်တို့က ဖွင့်ခွင့်ပေးပါတယ်။ ဒီမှာ ဆရာဝန် ၆ ယောက်၊ သူနာပြု ဆရာမ ၆ ယောက်နဲ့ မနက် ည ဆက်ပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မဟာအောင်မြေမြို့နယ်က Fever clinic မှာ mobile swab team လည်း ရှိပြီး အစိုးရတာဝန်ရှိသူတွေက တရားဝင်ခွင့်ပြုမယ်ဆိုပါက ခရီးသွားလာလိုသူတွေကိုပါ ဆေးစစ်ပေးနိုင်တဲ့ အနေအထားရှိတယ်လို့လည်း သိရပါတယ်။

မန္တလေးတိုင်းမှာ ဖေဖော်ဝါရီလကနေ ဒီဇင်ဘာ ၁၉ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုး ကူးစက်ခံရသူ ၁၀,၇၅၅ ဦးရှိပြီး ပိုးကင်းစင်သူ ၇၉၆၆ ဦး ရှိကာ ၁၅၆ ဦး သေဆုံးခဲ့တယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013