DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်အဖျားရောဂါကုဆေးခန်းကို ဩဂုတ်လကုန်တွင် ပိတ်မည်
DVB
·
August 24, 2020
လွိုင်ကော်အဖျားရောဂါကုဆေးခန်းကို ဩဂုတ်လကုန်တွင် ပိတ်မည်
1 / 6
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့ မြို့နယ်ခန်းမမှာ ဖွင့်လှစ်ထားတဲ့ အခမဲ့ဆေးခန်း (fever clinic)ကို အခု ဩဂုတ်လကုန်ကစပြီး ပိတ်သွားမယ်လို့  ဆေးခန်းတာဝန်ကျတဲ့ ဆရာဝန်တွေက ပြောပါတယ်။

အဆိုပါ အဖျားရောဂါကုဆေးခန်းမှာ လာရောက်ပြသသူ နည်းပါးတာရယ်၊ ဆရာဝန်တွေက ဆေးရုံနဲ့ အချိန်ခွဲလုပ်ဆောင်ရတာကြောင့် ပိတ်သွားမယ်လို့ ကယားပြည်နယ် တီဘီ တိုက်ဖျက်ရေးဌာနက ဒေါက်တာ သန်းထိုက်ဇော်က ပြောပါတယ်။

“အဓိက လူတော်တော်များများက မသိကြတာလည်းပါတယ်။ လူတော်တော်များများက အဓိက ဆေးရုံကြီးကိုသွားတယ်။ ဖျားနာတဲ့အတွက်ဆေးရုံကြီးကိုသွားတယ်။ ဒီဘက်ကိုလူနာ သိပ်မသိကြဘူး။ အဲတော့ ဒီဘက်နဲ့ ဆေးရုံကြီးနဲ့ နှစ်ပိုင်းကွဲနေတဲ့သဘောဖြစ်တယ်။ ပြီးတော့ ဒီမှာကလည်း ရန်ကုန်နဲ့မတူတာက fever clinic ဖွင့်တဲ့အချိန်က များတယ်ပေါ့နော်။ မနက်ပိုင်း တချိန်နဲ့ညနေပိုင်းတချိန်၊ လူနာကလည်း တချိန်ထဲလာရမယ့်အစား တယောက်စ နှစ်ယောက်စ အဲလိုပဲလာတဲ့အခါကျတော့ လူနာလည်းနည်းတယ်။ ကြည့်ပေးတဲ့ဆရာကလည်း အဆင်မပြေဘူး။ အဲလိုမျိုးဖြစ်တဲ့အခါကျတော့ နောက်ဆုံးသူတို့ဆုံးဖြတ်ချက်ချပြီးတော့ ဆေးရုံကြီးကိုပဲ ပြန်လွှဲ လိုက်မယ်ပေါ့နော်။ ပြီးတော့ ကယားပြည်နယ်မှာလည်း ကိုဗစ်လူနာမတွေ့ရှိသေးတဲ့အပေါ်မှာ မူတည်ပြီးတော့ ဆေးရုံကြီးကို ပြန်လွှဲတယ်။ ”

လွိုင်ကော်မြို့ မြို့နယ်ခန်းမမှာ အဖျားရောဂါကုဆေးခန်း (fever clinic)မှာ ဇူလိုင် ၁၃ ရက်နေ့ကစပြီး တနင်္လာ၊ ဗုဒ္ဓဟူးနဲ့သောကြာနေ့တွေမှာ  တီဘီ၊ သွေးလွန် တုပ်ကွေးနဲ့ ငှက်ဖျားရောဂါပိုးတွေကိုပါ တပတ်ကို ၃ ရက်နဲ့ အခမဲ့ စမ်းသပ် ကုသပေးနေပါတယ်။

တီဘီနဲ့ သွေးလွန်တုပ်ကွေး ပိုးတွေကို စတင်စစ်ဆေးချိန်ကစပြီး လူနာတွေ များလာပေမယ့် လုပ်ငန်းအနေအထားအရ တီဘီကို ရွေ့ပြောင်းစမ်းသပ်မှုတွေကြောင့် လူနာသိပ်လာကြတော့ဘူးလို့ ဆိုပါတယ်။

Fever clinic စတင်ဖွင့်လှစ်တဲ့ ဇွန်လ ၁ ရက်ကနေ ဩဂုတ်လ ၂၀ ရက်နေ့အထိ ဆေးခန်းမှာ လာရောက်ပြသသူ ၃၀၀ ကျော်သာရှိပြီး ကိုဗစ်နဲ့ပတ်သက်လို့ ဖျားနာပြီး ခရီးသွား ရာဇဝင်ရှိတဲ့သူ တယောက်နှစ်ကို ဆေးရုံကြီးလွှဲပြောင်းရတာရှိပေမယ့် ကိုဗစ်သံသယလူနာ မတွေ့ရှိသေးဘူးလို့ ဒေါက်တာ သန်းထိုက်ဇော်က ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင်ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး လွိုင်ကော်မြို့ မြို့နယ်ခန်းမမှာ အဖျားရောဂါကု အခမဲ့ဆေးခန်း (fever clinic)ကို ဇွန်လ ၁ ရက်နေ့က တင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013