DVB Logo
Home
မြန်မာသတင်း
အင်းစိန်တွင် ညမထွက်ရအမိန့် ပထမဆုံး ချိုးဖောက်သူကို အရေးယူ
DVB
·
May 4, 2020
အင်းစိန်တွင် ညမထွက်ရအမိန့် ပထမဆုံး ချိုးဖောက်သူကို အရေးယူ
Donate to DVB

ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ ရန်ကုန် ၄၄ မြို့နယ်ထဲက အင်းစိန်မြို့နယ်မှာ ညမထွက်ရအမိန့် မလိုက်နာတဲ့ အမျိုးသားတဦးကို အရေးယူထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

မနေ့ည ၁၂ ကျော်လောက်က ရဲလှည့်ကင်းအဖွဲ့အပြင် အုပ်ချုပ်ရေးအာဏာပိုင်တွေက ကင်းလှည့်ရာကနေ လှိုင်မြစ်ဘေးလမ်းမှာ တွေ့ရှိတဲ့ အမျိုးသားတဦးကို ရဲက တွေ့ရှိပြီးနောက် သူ့ကို အရေးယူလိုက်တာလို့ ပြောပါတယ်။ 

သူ့ကို ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ တရားရုံးကို ဦးတိုက်လျှောက်ထားပြီး ဒီနေ့ မေလ ၄ ရက်နေ့မှာ အင်းစိန်မြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လ အမိန့်ချလိုက်ပါတယ်။ 

ရန်ကုန်မှာ ဧပြီ ၁၈ ရက်က စတင်ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်ကို ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က ထုတ်ပြန်တဲ့ ညမထွက်ရ အမိန့်ဟာ နှစ်လကြာ အသက်ဝင်မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ 

ဒီအမိန့်ဟာ အများပြည်သူအကျိုးအတွက် ရည်ရွယ်ထုတ်ပြန်တာဖြစ်လို့ လိုက်နာဖို့ ပျက်ကွက်ရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ ဆိုထားပါတယ်။

Semi Lockdown ၁ဝ မြို့နယ်ထဲမှပါဝင်တဲ့ အင်းစိန်မြို့နယ်အနေနဲ့ ပိုးတွေ့ အတည်ပြုလူနာ ၂၇ ယောက်ရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013