DVB Logo
Home
မြန်မာသတင်း
နမ့်ပန်းဒေသက Quarantine ၂၁ ရက်ပြည့် ရွှေ့ပြောင်းလုပ်သား ၅၅၄ ဦးကို နေရပ်ပြန်ပို့
DVB
·
May 4, 2020
နမ့်ပန်းဒေသက Quarantine ၂၁ ရက်ပြည့် ရွှေ့ပြောင်းလုပ်သား ၅၅၄ ဦးကို နေရပ်ပြန်ပို့
1 / 4
Donate to DVB

တရုတ်နိုင်ငံကပြန်လာပြီး အထူးဒေသ ၄ နမ့်ပန်းဒေသမှာ Facility Quarantine ၂၁ ရက်ပြည့်မြောက်ခဲ့တဲ့ ရွှေ့ပြောင်းလုပ်သား ၅၅၄ ဦးအား နေရပ်တွေကို ပြန်ပို့ပေးနေတယ်လို့ သိရပါတယ်။

မှန်လုံယာဉ်ငယ် ၃ တွေနဲ့ မိုင်းယု၊ မိုင်းယောင်း၊ မိုင်းဖြတ်နဲ့ ကျိုင်းတုံမြို့နယ်တို့ကို မေ ၄ ရက် နေ့ မွန်းလွဲပိုင်းက ပြန်လည်ပို့ဆောင်ပေးခဲ့တာလို့ ရှမ်းပြည်နယ်အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကတဆင့် ပြောပါတယ်။

"မူလစာရင်းပေးထားသူ ၅၆၁ ဦးဖြစ်ပေမယ့် ရခိုင်လူမျိုး ၇ ယောက် မပါရှိတော့ ၅၅၄ ယောက်ပဲ ရောက်ရှိလာခဲ့တယ်။ ကျိုင်းတုံမှာရောက်နေတဲ့ အဖွဲ့တွေနဲ့ ပေါင်းပြီး တောင်ကြီးကို ဆက်လွှတ်ပေးသွားမှာလို့ သတင်းပို့လာပါတယ်။ စားသောက်ရေးကိစ္စတွေလည်း ကျိုင်းတုံနဲ့ မိုင်းပြင်းမှာ အသင့်စီစဉ်ထားပါပြီ။''

နေရပ်ပြန် ရွှေံပြောင်းလုပ်သားတွေအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ လူမှုရေးပရဟိတအဖွဲ့တွေနဲ့ ဒေသအာဏာပိုင်တွေ ပူးပေါင်းပြီး နေထိုင်စားသောက်ရေးစီစဉ်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မေ ၆ ရက်နေ့မှာ ဆီလူးဒေသကနေ အယောက် ၄၉၀ ၊ မေ ၈ ရက်နေ့မှာ လာအိုနိုင်ငံကနေ ၂၇၀ ကျော် ဝင်ရောက်လာဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ သတင်းပေးပို့ထားတယ်လို့ သိရပါတယ်။

အောင်ဇေယျ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013