DVB Logo
Home
မြန်မာသတင်း
အင်းစိန်မြို့နယ်က အမျိုးသမီး ၃ ဦးပါအဝင်  COVID-19 အတည်ပြုလူနာသစ် ၄ ဦးထပ်တွေ့
DVB
·
May 3, 2020
အင်းစိန်မြို့နယ်က အမျိုးသမီး ၃ ဦးပါအဝင်  COVID-19 အတည်ပြုလူနာသစ် ၄ ဦးထပ်တွေ့
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 အတည်ပြုလူနာသစ် ၄ ဦး ထပ်မံစစ်ဆေးတွေ့ရှိရပြီး နိုင်ငံတဝန်းမှာ အတည်ပြုလူနာ စုစုပေါင်း ၁၅၅ ဦးရှိသွားပြီလို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၈ နာရီ အချိန်မှာ  သတင်းထုတ်ပြန်ပါတယ်။

အဆိုပါလူနာသစ် ၄ ဦးကတော့ အင်းစိန်မြို့နယ်က အသက် ၃၂ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၂၀ အရွယ်အမျိုးသမီး ၁ ဦး၊ တာမွေမြို့နယ်က အသက်  ၄၈ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ဖြစ်ကြပါတယ်။

အင်းစိန်မြို့နယ်က အမျိုးသမီးလူနာသစ် ၃ ဦးဟာ ပြည်ပကိုခရီးသွားခဲ့တာမရှိပေမဲ့ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိခဲ့လို့ အသွားအလာကန့်သတ်ထားရှိခံနေရသူတွေ ဖြစ်ပါတယ်။ တာမွေမြို့နယ်က အမျိုးသား လူနာသစ် ၁ ဦးကတော့ ပြည်ပကို ခရီးသွားခဲ့တာ မရှိသလို အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့ခဲ့တာ မရှိပေမဲ့ ရန်ကုန်ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေရသူဖြစ်ပါတယ်။

ဒီကနေ့ ညနေပိုင်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က  ပထမအသုတ် စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၆၃ ခုနဲ့  ဆေးသုတေသနဦးစီးဌာနက စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၆၀ ခု၊ စုစုပေါင်း ၁၂၃ ခုမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၄ ဦး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မေလ ၃ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း  ၁၅၅ ဦး၊ သေဆုံးသူ ၆ ဦး၊ ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၄၃ ဦးနဲ့ ဆေးရုံမှဆင်းခွင့်ရသူ  ၂၉  ဦးရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo-MOHS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013