DVB Logo
Home
မြန်မာသတင်း
ပလက်ဝ စစ်ရှောင်များအတွက် ရေလမ်းကြောင်းမှ ဆန်အိတ် ၂၀၀၀ ပို့မည်
DVB
·
May 2, 2020
ပလက်ဝ စစ်ရှောင်များအတွက် ရေလမ်းကြောင်းမှ ဆန်အိတ် ၂၀၀၀ ပို့မည်
Donate to DVB

ပလက်ဝမြို့ စစ်ဘေးရှောင်စခန်းကို စားနပ်ရိက္ခာထောက်ပံ့နိုင်‌ဖို့ မေ ၂ ရက်နေ့မှာ သ‌င်္ဘောနဲ့ ဆန်အိတ် ၂၀၀၀  ပေးပို့သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ 

ပလက်ဝက စစ်ရှောင်စခန်းတွေကို ဆန်အိတ် ၈၃၀ ပေးပို့ပြီး ဖြစ်ပေမယ့် လုံလောက်မှု မရှိတာကြောင့် စားနပ်ရိက္ခာ ထောက်ပံ့နိုင်ရေး လုပ်ဆောင်ခဲ့ပေမယ့် အေအေက ပစ်ခတ်ပိတ်ဆို့တာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။ 

ဧပြီ ၃၀ ရက်နေ့က တပ်မတော်ယာဉ်တန်း လုံခြုံရေးယာဉ် ၃၁ စီးနဲ့အတူ စားနပ်ရိက္ခာတွေ သယ်လာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ယာဉ် ၆ စီးကို ဆမီးမြို့အကျော်မှာ အေအေက လက်နက်ကြီး၊ လက်နက်ငယ်တွေ နဲ့ တိုက်ခိုက်ခဲ့တာကြောင့် WFP က ယာဉ်မောင်းတဦး ကားမှန်ကိုထိပြီး မျက်နှာကို မှန်စပြတ်ရှ ဒဏ်ရာရရှိခဲ့တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ 

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရတဲ့ အေအေတပ်ဖွဲ့ဘက်ကတော့ WFP ယာဉ်တန်အား ပစ်ခတ်တယ်ဆိုပြီး စွပ်စွဲချက်တွေအပေါ် မဟုတ်မှန်ကြောင်း မနေ့က ကြေညာချက်ထုတ်ပြန် ငြင်းဆိုထားပါတယ်။

တပ်မတော်နဲ့ အေအေတို့ ကြားတိုက်ပွဲတွေကြောင့် ပလက်ဝမြို့မှာ စစ်ဘေးရှောင် ၃၇၀၀ ကျော် ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013