
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အတည်ပြုလူနာ ၁၀၁ ယောက် အပါအဝင် သံသယရှိသူ ၉၀၀ ကျော်ရှိလာပြီ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တေဒရို အဒါနွန် ဂေဘရီယေးဆပ်က မေ ၂၄ ရက်မှာ ပြောပါတယ်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အီဘိုလာရောဂါဖြစ်ပွားမှုကို တုံ့ပြန် စောင့်ကြည့်ရေးလုပ်ငန်းတွေ တိုးမြှင့်လာတာနဲ့အမျှ ခုလို ဖော်ထုတ်နိုင်ခဲ့တာလို့ ဂေဘရီယေးဆပ်က လူမှုမီဒီယာပို့စ်တခုမှာ ပြောခဲ့တာပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ရှားပါးတဲ့ ဘန်ဒီဘူဂီယိုမျိုးကွဲ ကူးစက်မှုကို နိုင်ငံတကာအတွက် စိုးရိမ်ရတဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။
နောက်ကျမှတွေ့တာ၊ ကာကွယ်ဆေး ဒါမှမဟုတ် ဗိုင်းရပ်စ်သီးသန့်ကုထုံးတွေ မရှိတာ၊ ကျယ်ပြန့်တဲ့ လက်နက်ကိုင်အကြမ်းဖက်မှုနဲ့ ပြည်သူလူထုအကြား ရွှေ့ပြောင်းနိုင်မှု မြင့်တာတွေကြောင့် ကွန်ဂိုနိုင်ငံဟာ ခုခံနိုင်စွမ်း မရှိဘဲ ဖြစ်နေတယ်လို့ WHO က ပြောပါတယ်။
Source: Reuters










