DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအမြတ်ထုတ်ရန် သွေးထိုးလှုံ့ဆော်မှုများကို သတိထားရန် အလုပ်သမားများကို သမ္မတတိုက်တွန်း 
DVB
·
May 1, 2020
နိုင်ငံရေးအမြတ်ထုတ်ရန် သွေးထိုးလှုံ့ဆော်မှုများကို သတိထားရန် အလုပ်သမားများကို သမ္မတတိုက်တွန်း 
Donate to DVB

ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက် ဥပဒေနဲ့မညီတဲ့ ဆူပူမှု၊ ဆန္ဒပြတွေ ဖြစ်ပွားစေဖို့ သွေးထိုးလှုံ့ဆော်တာတွေကို သတိထားကြဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က  အလုပ်သမားတွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီကနေ့ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) နေ့ အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ သမ္မတက ပြောကြားထားတာဖြစ်ပါတယ်။

“အလုပ်သမားများအနေဖြင့် ပြင်ဆင်ပြဋ္ဌာန်းထားသည့် အလုပ်သမား အဖွဲ့အစည်းဥပဒေနှင့်အညီ အဖွဲ့အစည်းဝင်အလုပ်သမားများ ကိုယ်တိုင် ဖွဲ့စည်းပုံစည်းမျဉ်းနှင့် လုပ်ငန်းစဉ်များကိုချမှတ်ပြီး လွတ်လပ်စွာဆောင်ရွက် ခွင့်ရှိသည့် အလုပ်သမားအဖွဲ့အ စည်းများလည်း ပေါ်ပေါက်လာပြီဖြစ်ပါတယ်။ ထိုအဖွဲ့အစည်းများသည် မိမိအဖွဲ့အစည်း၊ မိမိအသိုက်အဝန်း၊ မိမိအဖွဲ့ဝင်များ၏ အကျိုးစီးပွားများကို ဖော်ဆောင်ပေးရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ရန်အတွက် ဥပဒေနှင့်မညီသည့် ဆူပူမှု၊ ဆန္ဒပြမှုများ ဖြစ်ပွားစေရန် ဘေးက သွေးထိုးလှုံ့ဆော်မှုများ ဝင်ရောက်လာ တတ်သည်ကိုလည်း အထူးသတိပြုကြရန် လိုအပ်မည်ဖြစ်ပါသည်။”လို့ သမ္မတက ပြောပါတယ်။

ဈေးကွက်စီးပွားရေးစနစ်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်သမားထုရဲ့ အင်အားဟာ အဓိကကျသလို အလုပ်အကိုင် ဖန်တီးပေးတဲ့ အလုပ်ရှင်တွေကလည်း အလုပ်သမားတွေအတွက် မရှိမဖြစ်မိတ်ဖက်ဖြစ်လို့ အလုပ်ရှင်နဲ့ အလုပ်သမား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိအကျိုးစီးပွားနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမယ်လို့လည်း ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလထိ လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်တဲ့  အာမခံအလုပ်သမား အင်အား ၁ ဒသမ ၄၆ သန်းကျော်ရှိပြီး COVID-19 ကပ်ရောဂါနဲ့ အထွေထွေရိုက်ခတ်မှုကြောင့် ပိတ်သိမ်းသွားတဲ့အလုပ်ဌာနများမှ လူမှုဖူလုံရေးအာမခံကြေး ထည့်ဝင်ထားတဲ့ အလုပ်သမားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဖိုး၊ ခရီးစရိတ်တွေကို အလုပ်လက်မဲ့ဖြစ်တဲ့နေ့ကစပြီး  တစ်နှစ်အထိ တိုးမြှင့်ခံစားနိုင်ဖို့  စီမံဆောင်ရွက် ထားတယ်လို့ သမ္မတက ပြောပါတယ်။

မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းတွေ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ၊ အငယ်စား၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတွေကို အတိုးနှုန်းသက်သာစွာ ထုတ်ချေးနိုင်ဖို့ လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံကို COVID-19 ရန်ပုံငွေထူထောင်ရာမှာ ထည့်သွင်း မတည်ခဲ့တယ်လို့ ဆိုပါတယ်။

COVID-19 ကပ်ရောဂါဆိုးကြီးကို ကျော်လွှားနိုင်ဖို့ ပြည်သူလူထုတစ်ရပ်လုံးက တုံ့ပြန်ဆောင်ရွက်နေချိန်မှာ  အလုပ်သမားတွေရဲ့ တက်ကြွစွာပူးပေါင်းပါဝင် လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုကြောင်းနဲ့ COVID-19 ကပ်ရောဂါကြောင့် တွေ့ကြုံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို  ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ဖို့လည်း  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကပြောပါတယ်။

ကမ္ဘာတဝန်းရှိ ဖိနှိပ်ခံအလုပ်သမားထုကြီးရဲ့ ရပိုင်ခွင့် အလုပ်သမားအခွင့်အရေးတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ် ကျင်းပလာခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။

ဓာတ်ပုံ- သမ္မတရုံး 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013