DVB Logo
Home
မြန်မာသတင်း
အင်းစိန်တွင် COVID-19 လူနာသစ် ၁ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၁၅၁ ဦးရှိ
DVB
·
May 1, 2020
အင်းစိန်တွင် COVID-19 လူနာသစ် ၁ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၁၅၁ ဦးရှိ
Donate to DVB

အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ်ထားရှိတဲ့ အမျိုးသမီးတဦးမှာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက်အရ COVID-19 ရောဂါတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် လူနာသစ် အမျိုးသမီး (Case-151)ဟာ ပြည်ပကိုခရီးသွားခဲ့တာမရှိသလို အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့ခဲ့တာမရှိဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါလူနာ အမျိုးသမီးကို တောင်ဥက္ကလာပ အထူးကုဆေးရုံသို့ ဆက်လက် လွှဲပြောင်းပို့ဆောင်ကုသပေးမှာဖြစ်ပြီး သူ့ရဲ့ မိသားစုဝင်တွေကိုလည်း  Quarantine ထားရှိဖို့ ရှိနေပါတယ်။ဒါ့အပြင်သူနေထိုင်တဲ့ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ခဝဲခြံ ၂ လမ်းရှိ နေအိမ်နဲ့ လမ်းကိုလည်း  Lockdown  Down ချထားဖို့ရှိနေပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) က ဒီကနေ့မနက် ဓာတ်ခွဲနမူနာ ၂၀၈ ခုကို စစ်ဆေးပြီးစီးခဲ့ရာမှာ  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် တဦး ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။

မေလ ၁ ရက် မနက် ၇ နာရီအထိ မြန်မာနိုင်ငံမှာ  COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၅၁ ဦးရှိပြီး  သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်သွားသူ ၂၈ ဦးနဲ့  ပြန်ကောင်းလာလို့ ဆေးရုံကဆင်းလာသူစုစုပေါင်း ၁၇ ဦးရှိသွားပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ 

Photo- MOHS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013