Home
မြန်မာသတင်း
တောင်ကိုရီးယားနိုင်ငံတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၉၆ ဦးကို ပြန်လည်ခေါ်ယူ
DVB
·
April 30, 2020
95501020_1449817251885232_4223586687592169472_n
95768299_1449817378551886_7519073101917716480_n
95706573_1449817311885226_5731089220299128832_n
COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေတဲ့ ကာလအတွင်း တောင်ကိုရီးယားနိုင်ငံမှာ  ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၉၆ ဦးကို လေယာဉ်နဲ့ ရန်ကုန်ကို ပြန်လည်ခေါ်ယူခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ကိုရီးယားနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး မဖြစ်မနေ အပြီးပြန်လည် ထွက်ခွာဖို့ လိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို Relief Flight တွေနဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ဖို့  ဆိုးလ်မြို့ရှိ မြန်မာသံရုံးက စီစဉ် ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ပြန်လာသူတွေအထဲမှာ သင်္ဘောသားတွေ၊ ကျန်းမာရေးမကောင်းသူတွေ၊ အလုပ်စာချုပ် ပြည့်မြောက်ပြီး နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးနေသူတွေ၊ တရားမဝင် နေထိုင်ခဲ့ပြီး မဖြစ်မနေ ပြန်လည်ထွက်ခွာဖို့ လိုအပ်နေသူတွေ ပါဝင်ပါတယ်။  ဒီကနေ့ ညနေ ၅ နာရီမှာ ပထမအကြိမ်ပြန်လည်ပို့ဆောင်မှုအဖြစ် ဆရာတော် ၁ ပါး၊ သင်္ဘောသား ၃၅ ဦး၊ ကျောင်းသူ ၂ ဦးနဲ့ EPS လုပ်သား ၅၈ ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၉၆ ဦးကို အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ  မြန်မာအပြည်ပြည် ဆိုင်ရာလေကြောင်းလိုင်း (MAI) နဲ့ ရန်ကုန်ကို  ပို့ဆောင်ပေးခဲတာဖြစ်ပါတယ်။ ဓာတ်ပုံ- MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024