DVB Logo
Home
မြန်မာသတင်း
ကမ္ဘောဒီးယားနှင့် မြန်မာ နောက် သီရိလင်္ကာက ကျားဖြန့် ဗဟိုချက်အသစ် ဖြစ်လာ
DVB
·
June 25, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံနောက် သီရိလင်္ကာနိုင်ငံက ကျားဖြန့်အွန်လိုင်းဗဟိုချက် အသစ်တခု ဖြစ်လာနေတဲ့အကြောင်း Nikkei Asia သတင်းမှာ ဇွန် ၂၄ ရက်က ဖော်ပြပါတယ်။

အဆိုပါ ရာဇဝတ်ဂိုဏ်းတွေဟာ သူတို့ရဲ့လုပ်ငန်းတွေကို သီရိလင်္ကာနိုင်ငံဘက်ဆီ ပိုမိုရွှေ့ပြောင်းလုပ်ကိုင်လာကြပြီး ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက ပုံစံတူတွေအတိုင်း ခေတ်မီဆန်းပြားတဲ့ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုစင်တာတွေကို တည်ဆောက်လာကြတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဒီရာဇဝတ်ဂိုဏ်းစုတွေဟာ ခရစ်ပတို ဒီဂျစ်တယ်ငွေကြေးလိမ်လည်မှုတွေ၊ အချစ်ဇာတ်လမ်းဆင် လိမ်လည်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုအတု လုပ်ငန်းတွေက တဆင့် နိုင်ငံတကာက သားကောင်တွေကို ပစ်မှတ်ထား လုပ်ဆောင်နေကြတယ်လို့ ဒေသတွင်း အာဏာပိုင်တွေက အစီရင်ခံထားပါတယ်။

အရှေ့တောင်အာရှဒေသတွင်း တရားမဝင်လုပ်ငန်းတွေကို နှိမ်နင်းမှုတွေ ခပ်စိပ်စိပ် လုပ်လာတာကြောင့် ဒီရာဇဝတ်ကွန်ရက်တွေဟာ ဥပဒေစိုးမိုးမှုနဲ့ စိစစ်ကြပ်မတ်မှု အားနည်းပြီး နည်းပညာ နားလည်တဲ့ အလုပ်သမား အလွယ်တကူရနိုင်မဲ့ နယ်မြေအသစ်တွေကို ရှာဖွေလာကြရတာလို့ သတင်းမှာ ဖော်ပြပါတယ်။

သီရိလင်္ကာရဲတပ်ဖွဲ့ဟာ မကြာသေးခင်ကပဲ ကိုလံဘိုမြို့နဲ့ ခရီးသွားဧရိယာတွေက အိုင်တီအဆောက်အအုံ အများအပြားကို ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား အများစုအပါအဝင် တခြားအာရှနိုင်ငံတွေက နိုင်ငံခြားသား အမြောက်အမြားကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီလုပ်ငန်းခွင်တွေထဲက အောက်ခြေလုပ်သား အများအပြားဟာ လစာကောင်းတဲ့ ဒေတာအချက်အလက်သွင်း အလုပ်မျိုးတွေ ရမယ်ဆိုတဲ့ မက်လုံးအတုတွေနဲ့ မျှားခေါ်ခြင်းခံခဲ့ရတဲ့ လူကုန်ကူးမှုခံရသူ သားကောင်တွေလို့ ဆိုပါတယ်။

ဒီလို ဆိုက်ဘာရာဇဝတ်မှုတွေရဲ့ နယ်မြေပြောင်းလဲလာမှုဟာ ဒေါ်လာဘီလီယံချီ တန်ကြေးရှိတဲ့ တရားမဝင်လုပ်ငန်းကြီးတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေကြတဲ့ ဒေသတွင်း ဥပဒေစိုးမိုးရေးအေဂျင်စီတွေအတွက် စိန်ခေါ်မှုတွေ ပိုမိုကြီးထွားလာစေတယ်လို့ နိုင်ငံတကာ လုံခြုံရေး လေ့လာဆန်းစစ်သူတွေက သတိပေးထားကြပါတယ်။

Photo: Nikkei Asia 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013