DVB Logo
Home
မြန်မာသတင်း
စားစရာလိုအပ်သူများအတွက် စင်ကာပူ လူငယ်စားဖိုမှူးတဦး စားစရာများ အခမဲ့ဝေငှပေး
DVB
·
April 30, 2020
စားစရာလိုအပ်သူများအတွက် စင်ကာပူ လူငယ်စားဖိုမှူးတဦး စားစရာများ အခမဲ့ဝေငှပေး
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စင်ကာပူနိုင်ငံက စားသောက်ဆိုင်အတော်များများ ပိတ်ထားချိန်မှာ  ဂျေဆင်ချွာဆိုတဲ့ လူငယ်တယောက်ကတော့ ဆိုင်ကိုဆက်ဖွင့်ထားပြီး စားစရာ လိုအပ်နေသူတွေကို  အခမဲ့  ဝေငှပေးနေပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကြောင့်သူရဲ့ ၂ နှစ်သက်တမ်း ဆိုင်ကလေးရဲ့ဝင်ငွေ ထိခိုက်ခဲ့ရတယ်လို့ ချွာက ဝန်ခံခဲ့ပေမယ့် အခုရနေတဲ့ ဝင်ငွေနဲ့လည်း နေလို့ အဆင်ပြေပါတယ်လို့ သူက  ပြောခဲ့ပါတယ်။

အိုးအိမ်မဲ့တယောက်ကို အစားအသောက် ဝေငှတဲ့အကြောင်း ရင်းနှီးတဲ့သူငယ်ချင်းက ပြောပြရာကနေ ဒီလို အစားအသောက်တွေ အခမဲ့ဝေငှချင်တဲ့ စိတ်ကူးကို ရခဲ့တယ်လို့ သူက ပြောပြပါတယ်။

အခုဆိုရင် သူဟာ သူငယ်ချင်းတယောက် ပူးတွဲဦးစီးလုပ်ကိုင်တဲ့ “Beng Who Cares,” ဖောင်ဒေးရှင်းကနေတဆင့် တနေ့ကို ထမင်း၊ ဟင်း ပွဲ ၅၀ ၊ ၆၀ ခန့် ဝေငှဖို့ ချက်ပြုတ်နေပါတယ်။     အစားအသောက် အခမဲ့ လက်ခံလိုသူတွေဟာ အွန်လိုင်းကတဆင့် ဖောင်ဒေးရှင်းကို ဆက်သွယ်ပြီး နာမည်နဲ့ လိပ်စာကို မှာထားခဲ့ဖို့ပဲ ဖြစ်ပါတယ်။ တခါတလေတော့လည်း အစားအသောက် လက်ခံလိုသူတွေက သူ့ဆိုင်ကို လာပြီး တောင်းခံတတ်ပါတယ်။

အခုချိန်ဟာ ခက်ခဲတဲ့ကာလဖြစ်တာမို့ ဖောင်ဒေးရှင်းအနေနဲ့ အလှူငွေ လက်မခံလိုပေမယ့်   အလှူရှင်တချို့ကတော့ ဆန်၊ ဆီ၊ ငွေသား အတင်းအကျပ် လှူသွားတတ်တယ်လို့ ချွာက ပြောပါတယ်။ 

သူ့အဖို့ အကောင်းဆုံး စိတ်ခွန်အားကတော့ သူ့လက်ရာကို စားတဲ့သူတွေရဲ့ ချီးမွမ်းစကားပဲ ဖြစ်တယ်လို့ လူငယ်စားဖိုမှူးလေး ချွာက ပြောပြခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013