DVB Logo
Home
မြန်မာသတင်း
ကသာတွင် တရုတ်နယ်စပ်မှပြန်လာသူ ၂၀၀ ကျော်ကို Quarantine ထားရှိ
DVB
·
April 29, 2020
ကသာတွင် တရုတ်နယ်စပ်မှပြန်လာသူ ၂၀၀ ကျော်ကို Quarantine ထားရှိ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းကို ဧပြီ ၁၆ ရက်မှ ၂၅ ရက်နေ့အထိ တရုတ်နိုင်ငံ နယ်စပ်ဒေသတွေကနေ ပြန်လာသူ ၂၀၀ ကျော်ရှိနေပြီး ကျန်းမာရေးစစ်ဆေးကာ Quarantine ထားရှိပါတယ်။

ကသာမြို့ဒေသခံ ကိုညိုကိုနိုင်က “ဧပြီ ၁၆ ရက်ကစတယ်၊ တရုတ်နယ်စပ်မှာ စိုက်ပျိုးရေး လုပ်နေတဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေ ပြန်ကြိုတယ်။ ကသာခရိုင်နဲ့ အဓိကဆက်စပ်နေတာ က ဗန်းမော်ခရိုင်ပေါ့ လွယ်ဂျယ်မြို့ကနေ တရုတ်ပြည်တော်ပြန်တွေကို ကချင်ပြည်နယ်အစိုးရက စီစဉ်ထားတာရှိတယ်။ ဝင်လာတဲ့သူတွေကို သက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်တွေကို ခွဲပေးတယ်။ ကချင်ပြည်နယ် ပြင်ပကလူတွေကို လွယ်ဂျယ်မှာ အယောက် ၅၀၀ စီစဉ်ထားတယ် အယောက် ၅၀၀ ပြည့်ရင် ရွှေကူမြို့မှာလည်း စီစဉ်ထားတယ်”လို့ ပြောပါတယ်။

တရုတ်ပြည်နယ်စပ်မှပြန်လာသူတဦးက “ကျနော်က တရုတ်ပြည်ထဲမှာ ကြံခုတ်တယ်။ ကြံအစည်းရေ  ၅၀ ရရင် မမှတ်ဘူး ၇၀ ရမှ မှတ်တယ်၊ နားရင်လည်း ဆေးထိုးခိုင်းတယ်။ ကျနော် ကြံအစည်း တစ်သောင်းခွဲရထားပြီ ပြန်လာတော့ တရုတ်ငွေ ၂၀၀ ပဲ ပေးတယ်၊ သူ့နာမည်က လောပန်းတုံကျဲ သူဆီကနေ ဗမာငွေ ကျပ် ၁၀ သိန်းရစရာရှိတယ်”လို့ ပြောပါတယ်။

ကသာခရိုင်အတွင်းကို ဧပြီ ၁၆ ရက်မှ ၂၅ ရက်အထိ တရုတ်ပြည်နယ်စပ်ဒေသများမှ ပြန်လာသူ ပထမအသုတ်မှာ ကသာမှ ၃၄ ဦး၊ အင်းတော်မှ ၈၄ ဦး၊ ထီးချိုင့်မှ ၉ ဦး၊ ကောလင်းမှ ၁၆ ဦး၊ ဗန်းမောက်မှ ၂ ဦး စုစုပေါင်း ၁၄၆ ဦး ရှိပါတယ်။

 ဒုတိယအသုတ်မှာတော့ ကသာမှ ၃၁ ဦး၊ အင်းတော်မှ ၁၆ ဦး၊ ထီးချိုင့်မှ ၁၅ ဦး၊ ကောလင်းမှ ၁ ဦး၊ ဝန်းသိုမှ ၁ ဦး၊ ပင်လည်ဘူးမှ ၃၇ ဦး စုစုပေါင်း ၁၀၁ ဦး နှစ်သုတ်ပေါင်း ၁၄၆ ဦးဝင်ရောက်လာခဲ့ပါတယ်။

ပြန်ဝင်လာသူတွေကို သက်ဆိုင်ရာက ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကာ သက်ဆိုင်ရာ ဒေသအသီးသီးမှာ Quarantine ထားရှိထားတယ်လို့ သိရပါတယ်။

သတင်း- ကိုကိုလင်း (အင်းတော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013