DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း ညမထွက်ရအမိန့် မလိုက်နာသူ ၁၅ ဦးကို အရေးယူ 
DVB
·
April 28, 2020
စစ်ကိုင်းတိုင်းအတွင်း ညမထွက်ရအမိန့် မလိုက်နာသူ ၁၅ ဦးကို အရေးယူ 
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ပုဒ်မ ၁၄၄  ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားပြီး အမိန့်ညွှန်ကြားချက် မလိုက်နာသူ ၁၅ ဦးကို  အရေးယူအပြစ်ပေးထားပါတယ်။

လက်ရှိအချိန်ထိ တိုင်းအစိုးရ လုံ/နယ်ဝန်ကြီးဌာနက ရရှိတဲ့ သတင်းတွေအရ ပုဒ်မ ၁၄၄ ကို မလိုက်နာလို့ ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်အရေးယူအပြစ်ပေးထားသူ ကလေးမြို့နယ်က ၁၂ ဦး၊ ချောင်းဦးမြို့နယ်က ၁ ဦးနဲ့  မော်လိုက်မြို့နယ်က ၂ ဦးရှိပြီး သူတို့ကို ထောင်ဒဏ် ၃ လစီချမှတ်ထားပါတယ်။

ခုလိုအပြစ်ပေးအရေးယူရတာဟာ အများပြည်သူအကျိုးအတွက် လုပ်ဆောင်ရတာ ဖြစ်တယ်လို့  စစ်ကိုင်းတိုင်း လုံ/နယ်ဝန်ကြီးက ပြောပါတယ်။

COVID-19 ရောဂါနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းမှာ ပုဒ်မ ၁၄၄ ကို မလိုက်နာလို့ အရေးယူထားတာတွေအပြင် တခြားသော ပုဒ်မတွေနဲ့ အရေးယူထားတာတွေလည်း ရှိပါသေးတယ်။ 

မတ်လ ၂၈ ရက်နေ့ကစတင်ကာ COVID-19 ရောဂါနဲ့ပတ်သက်ပြီး ဒီနေ့အထိ တစ်လအတွင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ ၂၁ မှု၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ ၁ မှု၊ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး၊ အရေးပေါ်တုန့်ပြန်ရေးတွေကို ဆောင်ရွက်နေသူကို ရန်ပြုတာ၊ ခြိမ်းခြောက်တာ၊ ဆဲဆိုတာ၊ ဟန့်တားနှောင့်ယှက်တာတွေကြောင့် ဆက်စပ်အနေနဲ့ အရေးယူထားတာ ၂၃ မှု ရှိပါတယ်။

ညမထွက်အမိန့်ကို သင်္ကြန်မတိုင်ခင် ဧပြီလ ၁၃ ရက်က စတင်ကာ အမိန့်ကြေငြာစာအမှတ် ၅/၂၀၂၀ နဲ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ 

အမိန့်စာအရ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ည ၁၀ နာရီကနေ မနက် ၄ နာရီထိ အပြင်မထွက်ကြဖို့နဲ့ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ကြဖို့၊ ကျန်းမာရေး၊ လုံခြုံရေး၊ မှုခင်းတွေနဲ့ ပတ်သက်ပြီး မသင်္ကာဖွယ်လူတွေ တွေ့ရှိရင် နီးစပ်ရာ တာဝန်ရှိသူတွေထံကို သတင်းပေးကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။

လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းမှာ COVID-19 အတည်ပြုလူနာအနေနဲ့ ကလေးမြို့မှာ ၆ ဦး၊ စစ်ကိုင်းမြို့မှာ ၁ ဦး စုစုပေါင်း ၇ ဦးတွေ့ရှိထားပါတယ်။ 

Facility Quarantine Center အရေအတွက် စုစုပေါင်း ၁၈၅၉ ခုရှိပြီး  ပြည်ပက ပြန်လာသူ ၁၁၃၀၈ ဦး၊ သံသယလူနာ ၅၈ ဦး၊ ပြန်လည်စေလွှတ်ပြီးသူ ၄၄ ဦးရှိပြီး ဓာတ်ခွဲအဖြေစောင့်ဆိုင်းနေသူ ၁၄ ဦးရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013